မုံရွာမြို့တွင် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲအား ကျောင်းသား၊ကျောင်းသူ (၂၁၀၀) ကျော် ဝင်ရောက်ဖြေဆို

0
157

မုံရွာမြို့တွင် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ ၂၂ရက်က စတင်ကျင်းပရာကျောင်းသား၊ကျောင်းသူ (၂၁၀၀) ကျော် ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲ ပထမနေ့တွင် မြို့နယ်ရှိ အခြေခံပညာ မူလတန်းဆင့် Grade-5 စာစစ်ဌာန(၂၁)ခုတွင် ကျောင်းသား/သူ (၁၂၀၄)ဦး ဝင်ရောက်ဖြေဆိုကြပြီး အခြေခံပညာအလယ်တန်းဆင့် Grade-9 စာစစ်ဌာန (၁၄)ခုတွင် ကျောင်းသား /သူ (၉၇၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

မုံရွာမြို့နယ်ရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ မူလတန်းဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းဆင့် Grade-9 နှစ်ဆုံးစာမေးပွဲ စာစစ်ဌာန (၃၅) ခုတွင်ဖြေဆိုနေကြခြင်းလည်း ဖြစ်သည်။

ပထမနေ့ဖြေဆိုနေမှုအား စစ်ကိုင်းတိုင်းဒေသကြီးပညာရေးမှူးရုံးဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်လှိုင်နှင့် ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here