ပုဇွန်တောင်တွင် ရထားနှစ်စင်းတို-က်မှုဖြစ်ပွား၊ လူထိခိုက်မှု မရှိသော်လည်း ရထားလမ်းကူး တံတားကျိုးကျခဲ့

0
182

ယနေ့ ဖေဖော်ဝါရီ (၂၃)ရက်တွင် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၌ ရထားနှစ်စင်းတို-က်မိသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အဆိုပါ ရထားနှစ်စင်းတို-က်မှုဖြစ်စဉ်‌ကြောင့် ရေကျော်ဝတ်ကျောင်းလမ်းနှင့် ဘင်္ဂါလီစုကို ကူးသော ရထားသံလမ်းကူးခုံးကျော်တံတားတစ်စင်း ကျိုးခဲ့ကြောင်း သိရသည်။

” ဒါကဝန်ထမ်းရဲ့ ပေါ့ဆမှုကြောင့် ဖြစ်တာပါ။ ရထားနှစ်စင်းက အရှိန်နဲ့ တို-က်မိတာ။ စက်ခေါင်းပိုင်းက နည်းနည်းပျက်ဆီးပြီးတော့ သံလမ်းကူးတံတား ကျိုးသွားတယ်။ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိ‌ပါဘူး” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မီးရထားနှစ်စီး တို-က်မိသည့်ဖြစ်စဉ် ယနေ့ နံနက် (၄) နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရှေ့မှ မီးနီစောင့်နေသည့် ကုန်တင်ရထားအား ရန်ကုန်ဘူတာကြီးမှ ထွက်ခွာလာသည့် ရန်ကုန် – မန္တလေး အမြန်ရထားမှအရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here