ပဲခူးတိုင်းဒေသကြီး ၊ ဇရပ်ကြီးမြို့ရှိ ဈေးနှင့် နေအိမ်အချို့ မီးလောင်မှုဖြစ်ပွား

0
163

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ဇရပ်ကြီးမြို့‌ရှိ ဈေးနှင့် နေအိမ်အချို့ ယနေ့ ဖေဖော်ဝါရီ(၂၃)ရက်မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

‌ယနေ့ဖေဖေါ်ဝါရီ (၂၃) ရက်၊ မွန်းလွဲ (၂)နာရီအချိန်ခန့်က မီး စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဇရပ်ကြီးဈေးအတွင်း ဆိုင်ခန်းပေါင်း (၈၀) ‌ဝန်းကျင်နှင့် အနီးမှ နေအိမ် (၂) လုံးတို့မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ယင်းမီးလောင်မှုသည် မည်သို့ လောင်ကျွမ်းခဲ့သည်ကိုမူ မသိရှိရသေးဘဲ၊ မီးလောင်ကျွမ်းချိန် မိနစ် (၃၀) ကျော်သည်အထိ ဒေသခံများဖြင့်သာ ကနဦး မီးငြိမ်းသတ်ခဲ့ရကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ထို့နောက် မီးလောင်ပြင်သို့ တောင်ငူခရိုင် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်များနှင့် ထန်းတစ်ပင်မြို့နယ် မီးသတ်တပ်ဖွဲ့ရှိ မီးသတ်ယာဉ်များအပါအဝင် ဒေသတွင်း လူမှုကူညီရေးအဖွဲ့များမှ လာရောက်ကာ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် မီးစတင်လောင်ကျွမ်းရသည့်အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့မှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – နှင်းယွန်းဇေတဝန် ကျောင်းတိုက်- ဇရပ်ကြီးမြို့


LEAVE A REPLY

Please enter your comment!
Please enter your name here