အသံထက်မြန်သော နျူကလီးယားဗျူဟာမြောက် ဗုံးကြဲလေယာဉ် သမ္မတပူတင် စီးနင်း

0
162

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မွမ်းမံပြုပြင်ထားသော အသံထက်မြန်သည့် Tu-160M အမျိုးအစား နျူကလီးယားစွမ်းရည်ရှိ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ပေါ်တွင် ကြာသပတေးနေ့က လိုက်ပါစီးနင်းခဲ့သည်။

NATO စစ်အုပ်စုက Blackjacks ဟု အမည်ပေးထားသော အသံထက်မြန်သည့် Tu-160M ဧရာမလေယာဉ်သည် စစ်အေးခေတ် ဗုံးကြဲလေယာဉ်များအနက် ခေတ်မီသော ဗားရှင်းတစ်မျိုးဖြစ်ပြီး ဆိုဗီယက်ယူနီယံခေတ်က နေရာအနှံ့အပြား လက်နက်များ ပို့ဆောင်ရန် ဖြန့်ကျက်ထားခဲ့ဖူးသည်။

ယုံကြည်စိတ်ချရပြီး ခေတ်မီသော လေယာဉ်တစ်စင်းဖြစ်ကြောင်း ပူတင်ကိုယ်တိုင်လိုက်ပါစီးနင်းခြင်းကို နိုင်ငံပိုင်ရုပ်သံတွင် ပြသခဲ့သည်။

“ဒါက ဗားရှင်းအသစ်ပါ၊ လေယာဉ်အစိတ်အပိုင်း တော်တော်များများကလဲ အသစ်တွေပါ။ ထိန်းချုပ်ရတာ ပိုလွယ်ပါတယ်။ စိတ်ချရပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

ယင်းသည် ရုရှား၏ နျူကလီးယားစွမ်းရည်ကို ဖော်ပြလိုက်သည့် သတိပေးချက်တစ်ရပ်ဟု အနောက်နိုင်ငံများက ရှုမြင်သုံးသပ်နေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here