ရွှေတစ်ကျပ်သား ၃၉ သိန်း‌ကျော်လာသလို ဒေါ်လာဈေးနှုန်းလည်း တစ်ဒေါ်လာ ၃၆၀၀ ကျပ်ကျော်သို့ ရောက်လာ

0
169

ဖေဖော်ဝါရီ လဆန်းပိုင်းမှစတင်ကာ တစ်ကျပ်သား ၃၈ သိန်းကျော်ဖြင့် ဈေးတရိပ်ရိပ်တက်လာသည့် ပြည်တွင်းရွှေဈေးနှုန်းမှာ ယနေ့
ဖေဖော်ဝါရီ (၂၃) ရက်တွင် တစ်ကျပ်သား ၃၉ သိန်းကျော်အထိမြင့်တက်လာကြောင်း သိရသည်။

အလားတူ နိုင်ငံခြားငွေလဲလှယ်နှုန်းမှာလည်း တစ်ဒေါ်လာ ၃၅၀၀ ဖြင့် ဈေးငြိမ်နေရာမှ ယနေ့တွင် တစ်ဒေါ်လာ ၃၆၁၀ အထိ မြင့်တက်လာကြောင်း သိရသည်။

ကမ္ဘာ့ရွှေစျေးသည် ဖေဖော်ဝါရီ (၁) ရက်နေ့တွင် တစ်အောင်စလျှင် ၂၀၄၆ ဒေါ်လာရှိရာမှ ယနေ့ ဖေဖော်ဝါရီ (၂၃) ရက်တွင် တစ်အောင်စလျှင် ၂၀၂၂ ဒေါ်လာဖြစ်ပြီး ရက်ပေါင်း ၂၀ ကျော်တွင် ၂၄ ဒေါ်လာ ကျဆင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းရွှေစျေးအနေဖြင့် ဖေဖော်ဝါရီ (၁) ရက်က တစ်ကျပ်သား ၃၈၆၅၀၀၀ ကျပ်သာ ရှိခဲ့ရာမှ တဖြေးဖြေး မြင့်တက်လာခဲ့ရာ ဖေဖော်ဝါရီ (၂၁) ရက် ဈေးကွက် ပိတ်ချိန်တွင် တစ်ကျပ်သား ၃၉၀၀၀၀၀ ကျပ်သို့လည်းကောင်း ၊ ဖေ ဖေါ်ဝါရီ (၂၂) ရက် ဈေးကွက်ပိတ်ချိန်တွင် တစ်ကျပ်သား ၃၉၂၀၀၀၀ ကျပ်သို့လည်းကောင်း တရိပ်ရိပ်တက်ခဲ့ပြီး ယ နေ့ ဖေဖေါ်ဝါရီ (၂၃) ရက် ညနေပိုင်းတွင် တစ်ကျပ်သား ၃,၉၃၅,၀၀၀ ကျပ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းမှ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် ရည်ညွန်းစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၃,၆၃၉,၆၀၀ ကျပ် ဖြစ်ကြောင်း ယနေ့ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here