တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်း သူများ ဖေဖော်ဝါရီ (၂၇) ရက်မှစတင်ကာ ဝင်ခွင့်ကတ်ပြားများ ထုတ်ယူနိုင်

0
125

မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲအား ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဖေဖော်ဝါရီ (၂၇) ရက်တွင် ဝင်ခွင့်ကတ်ပြားများ စတင်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံစာစစ်ဦးစိီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ် မတ် (၁၁) ရက်မှ (၁၉) ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုကြရမည်ဖြစ်သည့်အတွက် ဖြေဆိုခွင့်လျှောက်ထားကြသည့် ကျောင်းသား၊ ကျော င်းသူများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ (၂၇) ရက်မှ စတင်ထုတ်ယူကြရန် အသိပေးထားခြင်းဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာန အသီးသီးတွင်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ၏ ဓာတ်ပုံ ကပ်ထားသည့် ခုံအမှတ်စဉ်ပါ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ထုတ်ယူရမည်ဖြစ်ပြီး အခြေခံပညာ အထက်တန်း ကျောင်းခွဲ၊ တွဲဖက်အခြေခံပညာ အထက်တန်း ကျောင်းနှင့် ကိုယ်ပိုင်အထက် တန်းကျောင်းများရှိ ကျောင်းသား/ကျောင်းသူများသည်လည်း မိမိတို့၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာ ကျောင်းအုပ်များထံမှ ထုတ်ယူရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အလားတူ ပြင်ပဖြေဆိုသူများအနေဖြင်လည်း စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူနိုင်ပြီး ယင်းကဲ့သို့ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ ထုတ်ယူရာတွင် အခက်အခဲရှိပါကသက်ဆိုင်ရာ ကျောင်းအုပ်ကြီး၊ စာစစ်ဌာန ကြီးကြပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံ စာစစ်ဌာနတို့ထံ တိုက်ရိုက်စုံစမ်း မေးမြန်းနိုင်ကြောင်းလည်း အသိပေးထား သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here