ဂင်းနစ်စာရင်းမှ ပြန်လည်ရုတ်သိမ်းခံရသည့် ခွေးလေးဘော်ဘီ

0
192

ပြီးခဲ့သည့်နှစ်ဖေဖော်ဝါရီလက ကမ္ဘာ့အသက်အကြီးဆုံးခွေးအဖြစ် ရွေးချယ်ခံခဲ့ရပြီး ဂင်းနစ်စာရင်းဝင်ခဲ့သည့် ပေါ်တူဂီမှခွေးလေးဘော်ဘီသည် ပြီးခဲ့သည့်လက ၎င်း၏ဂင်းနစ်စံချိန်မှတ်တမ်းအား ပြန်လည်ရုတ်သိမ်းခံခဲ့ရကြောင်းသိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာက ‌ေ-သဆုံးသွားခဲ့ပြီဖြစ်သည့် အဆိုပါခွေးလေး၏ အသက်ကို သံသယရှိကြသည့် တိရစ္ဆာန်ဆရာဝန်များ ပိုမိုများပြားလာသဖြင့် ဂင်းနစ်အဖွဲ့က ပြန်လည်စစ်ဆေးမှုများကို တရားဝင်စတင်ခဲ့ကြခြင်းလည်းဖြစ်သည်။

ယင်းသို့စစ်ဆေးရာ၌ ဘော်ဘီသည် အသက် ၃၁ နှစ်ကျော်သည်အထိနေထိုင်ခဲ့ကြောင်း ခိုင်လုံသည့်အထောက်အထားမတွေ့ရှိရဘဲ ဘော်ဘီ၏မွေးသက္ကရာဇ်အား အတိအကျအထောက်အထားမပြနိုင်သည့်အတွက် ဂင်းနစ်စံချိန်အားပြန်လည်ရုတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

တိရစ္ဆာန်စောင့်ရှောက်ရေးခွေးအမျိုးအစားများ၏ ယေဘုယျသက်တမ်းသည် ၁၂ နှစ်မှ ၁၄ နှစ်အထိဖြစ်ပြီး ဘော်ဘီကမူ ၎င်းမျိုးရိုး၏ပုံမှန်သက်တမ်းထက် နှစ်ဆကျော်အထိနေထိုင်ခဲ့ကြောင်း လူအများကထင်ခဲ့ကြခြင်းလည်းဖြစ်သည်။

ဘော်ဘီစံချိန်ချိုးခဲ့သည့် ယခင်စံချိန်ဟောင်းသည် ၁၉၃၉ ခုနှစ်ကဂင်းနစ်စာရင်းဝင်ခဲ့ပြီး အသက် ၂၉ နှစ်နှင့် ၅ ရက်အကြာ၌‌ေ-သဆုံးခဲ့သည့် ဩစတြေးလျနိုင်ငံမှ အသက်အရှည်ဆုံးခွေးလေးပင်ဖြစ်သည်။

Source : စကိုင်းနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here