အမေရိကသည် ရုရှားနှင့်ဆက်စပ်သည့် ပစ်မှတ် ၅၀၀ ကျော်အား အဓိကထားပိတ်ဆို့ဒဏ်ခတ်မှုပြုလုပ်

0
176

ဝါရှင်တန်၊ဖေဖော်ဝါရီ ၂၃

ယူကရိန်းသို့ရုရှားက ကျူးကျော်တိုက်ခိုက်မှု နှစ်နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် အမေရိက သည် ရုရှားနှင့်ပတ်သက်သည့် ပစ်မှတ် ၅၀၀ ကျော်အား အဓိကထား ပိတ်ဆို့ဒဏ်ခတ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်လက်ထောက်ဘဏ္ဍာရေးဝန်ကြီးကပြောကြားခဲ့သည်။

အခြားနိုင်ငံများနှင့်ပူးပေါင်းလုပ်ဆောင်သည့် အဆိုပါလုပ်ဆောင်ချက်သည် ရုရှား၏စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းနှင့် လိုအပ်သောကုန်ကြမ်းများအား လွယ်လင့်တကူရရှိစေနိုင်သည့် တတိယနိုင်ငံရှိ ကုမ္ပဏီများကိုပါ ပစ်မှတ်ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

ယခုအစီအစဉ်သည် ဝါရှင်တန်နှင့်၎င်း၏မဟာမိတ်များ စုပေါင်း၍ မော်စကိုအားချမှတ်ခဲ့သည့် ထောင်နှင့်ချီသောပိတ်ဆို့ဒဏ်ခတ်မှုများအနက် နောက်ဆုံးပြုလုပ်သည့် ပိတ်ဆို့ဒဏ်ခတ်မှုလည်းဖြစ်လာမည်ဖြစ်သည်။

ဝါရှင်တန်အနေဖြင့် ကိဗ်အား လုံခြုံရေးအကူအညီထပ်တိုးပေးနိုင်သည့်အခြေအနေများရှိလာနိုင်သော်လည်း ၎င်း၏မဟာမိတ်များကမူ မော်စကိုအပေါ်သာပိုမိုဖိအားပေးရန်ကြိုးပမ်းလျက်ရှိသည်။သို့သော် ပညာရှင်များကမူ မော်စကိုအား ပိတ်ဆို့ဒဏ်ခတ်ရုံမျှနှင့် ရပ်တန့်နိုင်မည်မဟုတ်ကြောင်းလည်းသတိပေးပြောကြားခဲ့သည်။

ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှား၏စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် ၂ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ၌ ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ၏စီးပွားရေးသည် ယခင်ကခန့်မှန်းထားသည်ထက် ၅ ရာခိုင်နှုန်းကျော်ကျဆင်းသွားကြောင်းလည်း စီးပွားရေးပညာရှင်ကလည်းပြောကြားခဲ့သည်။

Source : သည်စတား


LEAVE A REPLY

Please enter your comment!
Please enter your name here