တရားမဝင် Online လောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများပြုလုပ်နေသည့် ထိုင်း၊ တရုတ်၊ မြန်မာနိုင်ငံသား (၆၈၉) ဦးအား တာချီလိတ်တွင် ဖ-မ်းဆီးရမိ

0
220

တရားမဝင် Online လောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသည့် ထိုင်း၊ တရုတ်နှင့် မြန်မာနိုင်ငံသား စုစုပေါင်း (၆၈၉) ဦးအား တာချီလိတ်မြို့တွင် ယနေ့ ဖေဖော်ဝါရီလ (၂၃) ရက် နံနက်ပိုင်းက ဖ-မ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံသူ/သား (၁၄၈) ဦး၊ တရုတ်နိုင်ငံသား (၁) ဦးနှင့် မြန်မာနိုင်ငံသူ/သား (၅၄၀) ဦး၊ စုစုပေါင်း (၆၈၉) ဦးသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ၊ ဆန်ဆိုင်း (က)ရပ်ကွက်၊ တိုးနယားလမ်းရှိ ကျော်သိန်း(ခ) ခွန်မောင်ညို ပိုင်ဆိုင်သော ခြံဝင်းအတွင်း၌ တရားမဝင် Online ဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုကြောင့် ဖ-မ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ယနေ့နံနက် (၅) နာရီ (၁၅) မိနစ်ခန့်တွင် ဝင်ရောက်ရှာဖွေစစ်ဆေးရာ ထိုင်းနိုင်ငံသူ/သား (၁၄၈) ဦး၊ တရုတ်နိုင်ငံသား (၁) ဦးနှင့် မြန်မာနိုင်ငံသူ/သား (၅၄၀) ဦး၊ စုစုပေါင်း (၆၈၉) ဦးတို့အား မော်တော်ယာဉ် (၈) စီး၊ မော်တော်ဆိုင်ကယ် (၁၂၀) စီး၊ Online ဂိမ်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် Desktop ကွန်ပျူတာများနှင့်အတူ ဖ-မ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားများနှင့် တရုတ်နိုင်ငံသားတို့အား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသူ/သားများအား တရားဥပဒေအတိုင်း ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကက သတင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here