မလေးရှားနိုင်ငံ ရေပိုင်နက်သို့ သယ်ဆောင်မည့် မူးယစ်‌ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့် မူးယစ်မှောင်ခိုဂိုဏ်းအား ဖော်ထုတ်ဖ-မ်းဆီးရမိ

0
180

မလေးရှားနိုင်ငံ ရေပိုင်နက်သို့ မူးယစ်ဆေးဝါးများသယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၄၅ ဒသမ ၂၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန်၊ လက်နက်/ခဲယမ်းများ၊ ထိန်းချု ပ်ဓာတုပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီး ပင်လယ်ပြင်၌ “အေးမြတ်အောင်” စက်လှေကို တပ်မတော်(ရေ)မှ ဇန်နဝါရီ ၂၂ ရက် ညနေ (၃) နာရီခွဲက မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ စက်လှေပေါ်တွင် မူးယစ်ဆေးဝါးများ လွှဲပြောင်း လက်ခံသယ်ဆောင်ရန် စောင့်ဆိုင်းနေသည့် ဇော်မင်းဦး၊ ကိုကိုဇော်၊ လွှမ်းအောင်၊ သူရစိုးနှင့် ထွန်းဦးတို့ (၅) ဦးအား တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့တွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ရာ ဇန်နဝါရီ (၂၆) ရက်တွင် “အေးမြတ်အောင်” အမည်ရှိ ပင်လယ်ပြင်သွား စက်လှေပိုင်ရှင် တင်ရှိန် နှင့် စိုးရန်နိုင်(ခ) နောင် နောင်အား ပုသိမ်မြို့တွင်လည်းကောင်း၊ ဇန်နဝါရီလ (၂၈) ရက်၌ ဌေးအောင်(ခ)ပေါက်စအား ကျောင်းကုန်းမြို့နယ်တွင်လည်းကောင်း ဖ-မ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့၏ ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီ (၁၂) ရက်၌ နိုင်ဦး(ခ) မောင်မောင်လေး(ခ) လှဝင်းအား ပုသိမ်မြို့နယ် ကုလားချောင်းကျေးရွာတွင် ဖ-မ်းဆီးရမိခဲ့ပြီး ယင်းနေ့ ဖေဖော်ဝါရီ (၁၂) ရက်၌ ည (၇) နာရီခွဲတွင် ပုသိမ်မြို နယ် သမ္ဗန်ချိုင်ကျေးရွာရှိ တင်ထွန်း၏ ဂိုဒေါင်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန် သိမ်းဆည်းရမိခဲ့ကြော င်း သိရသည်။

ဆက်လက် ဖော်ထုတ်ချက်များအရ ဖေဖော်ဝါရီ (၁၃) ရက် နံနက် (၉) နာရီတွင် ပုသိမ်မြို့နယ်၊ မကျီးဇင်ကျေးရွာတွင် ထွန်းလင်းနိုင်(ခ)ငလင်း၊ ဇော်ထွေးလွင်(ခ)ငတိုလေး၊ ရဲလွင်ကို(ခ) ရခိုင်လေး၊ ကျော်ဇင်ထက်နှင့် ကျော်မင်း တို့ (၅) ဦးအား “အေးမြတ်အောင်”စက်လှေပေါ်သို့ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ တင်ဆောင်ပေးရန် စောင့်ဆိုင်းနေသည့် ကမ်းရိုးတန်းသွား စက်လှေတစ်စီးနှင့်အတူ ဆက်လက်ဖ-မ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ (၁၄) ရက် မွန်းလွဲ (၂) နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်ရှိ “အေးမြတ်အောင်” စက်လှေပိုင်ရှင် တင်ရှိန်နှင့် မဇင်မာဌေးတို့၏ နေအိမ်မှ ပစ္စတို‌ေ-သနတ် (၁) လက်၊ ၎င်းကျည်အိမ် (၁) ခု၊ ၎င်းကျည် (၄၅) တောင့်၊ (၁၂) ဗို့ ပြောင်းချောကျည် (၂၃) တောင့်၊ မြန်မာငွေကျပ်သိန်း (၃၀)၊ မော်တော် ယာဉ် (၂) စီးနှင့်လည်းကောင်း၊ တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်ရှိ တင်ရှိန်၏ နေအိမ်မှ ပြောင်းချောသေနတ် (၁)လက်၊ (၁၂) ဗို့ကျည် (၂၃) တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၎င်းအပြင် ဖေဖော်ဝါရီ (၁၄) ရက်၌ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား မန္တလေးမှ ပုသိမ်သို့ Dump Truck မော်တော်ယာဉ်နှင့် သယ်ဆောင်ခဲ့သည့် ကျော်ရဲမြင့်(ခ) ဖြိုးသူရ နှင့် စိုးမောင်မောင်တို့အား ရေကြည်မြို့နယ်၊ ရေနံ့သာကျေးရွာတွင် အဆိုပါမော်တော်ယာဉ် နှင့်အတူ ထပ်မံဖ-မ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဖေဖော်ဝါရီ (၁၆) ရက်၌ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို တာဝန်ခံသယ်ဆောင်သူ ရဲခေါင်ထွန်း ငှားရမ်းထားသည့် ပြည်ကြီးတံခွန်မြို့နယ် (ည)ရပ်ကွက် (၅၉) လမ်းနှင့် (၁၄၁) လမ်းထောင့်ရှိ ခြံဝန်းအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် Methy lamine လီတာ ၁၆,၄၀၀၊ Sulphuric Acid လီတာ ၁,၂၀၀ ၊ Hydrochloric Acid လီတာ ၅၆၀၊ Benzyl Cyanide လီတာ ၁၂,၄၀၀ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

ဖြစ်စဉ်ကို စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ မန္တလေးသို့ သယ်ဆောင်၍ မန္တလေးတွင်သိုလှောင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ သယ်ဆောင်ပြီး ၎င်းမှတဆင့် မလေးရှားနိုင်ငံ ရေပိုက်နက်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြော င်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here