တရုတ်၌ ရေခဲဖုံးနေသည့်လမ်းပေါ်ကားအစီးတစ်ရာကျော်ဆင့်တို-က်၊လူအချို့ဒဏ်ရာရရှိ

0
185

ဟောင်ကောင်၊ဖေဖော်ဝါရီ ၂၃

တရုတ်နိုင်ငံ၌ နှင်းများကျဆင်းကာ အလွန်အမင်းအေးနေသဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲလျက်ရှိပြီး လမ်းပေါ်တွင်ရေခဲများဖုံးလွှမ်းနေသဖြင့် စုကျိုးပြည်နယ်တွင် ယာဉ်အစီးတစ်ရာကျော်ဆင့်တို-က်ကာ လူအများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များကထုတ်ပြန်ကြေငြာခဲ့သည်။

ယခုဖြစ်ရပ်သည် တရုတ်နိုင်ငံအတွင်း ရာသီဥတုဆိုးရွားမှုများကြောင့် ဖြစ်ပွားရသည့်ယာဉ်မတော်တဆမှုများအနက် နောက်ဆုံးဖြစ်ပေါ်သည့် မတော်တဆမှုလည်းဖြစ်သည်။

လူမှုကွန်ရက်မှဗီဒီယိုများ၌ မော်တော်ကားများစွာသည် အဝေးပြေးလမ်းမကြီးပေါ်၌ တစ်စီးနှင့်တစ်စီးတိုက်မိပြီး ဖရိုဖရဲစုပုံတည်ရှိနေကြသည်ကိုတွေ့ ကြရသည်။ကုန်တင်ကားရှည်တစ်စီးသည် အလယ်ပိုင်းမှကျိုးထွက်ကာ လေထဲသို့ထောင်နေသည်ကိုလည်းတွေ့ကြရသည်။ကားမှန်အကွဲများနှင့် အခြားသောအမှိုက်များသည်လည်း နေရာအနှံ့တွင်ပြန့်ကျဲလျက်ရှိသည်ကိုတွေ့ရှိရသည်။

ယာဉ်တို-က်မှုများ၌ လူသုံးဦးဒဏ်ရာရရှိပြီး ဆေးရုံသို့တင်ပို့ခဲ့ရကာ ခြောက်ဦးမှာမူ အသေးစားပွန်းပဲ့ဒဏ်ရာများရခဲ့ကြောင်း စုကျိုးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ယာဉ်သွားလာမှုကို ပုံမှန်အတိုင်း ပြန်လည်ဖြစ်စေရန်ဆောင်ရွက်ခဲ့ကာ ယာဉ်တို-က်မှု၏အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေကြောင်းသိရသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်းကလည်း တရုတ်နိုင်ငံ၏ နေရာတော်တော်များများ၌ အအေးလှိုင်းများ၊နှင်းမုန်တိုင်းများတိုက်ခတ်ကာ ရေခဲမိုးများလည်းရွာသွန်းခဲ့မှုကြောင့် သယ်ယူပို့ဆောင်ရေးအပေါ်သက်ရောက်မှုရှိခဲ့ကာ သန်းပေါင်းများစွာသောပြည်သူတို့မှာလည်း နှစ်သစ်ကူးပွဲတော်အခမ်းအနားများကို အိမ်ထဲ၌ပင်ကျင်းပခဲ့ကြရသည်။

Source : အင်န်ဘီစီနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here