ဟူသီအဖွဲ့တိုက်ခိုက်ခဲ့တဲ့ ကုန်သင်္ဘော ဆီယိုစိမ့်မှုဖြစ်နေပြီး သဘာဝပတ်ဝန်းကျင် ဘေးသင့်လာနိုင်ဟု အမေရိကန် သတိပေး

0
139
A handout picture released by the US Central Command (CENTCOM) on February 23, 2024, shows the M/V Rubymar, a Belize-flagged, UK-owned bulk carrier leaking oil in the Gulf of Aden after taking significant damage after an attack by Iran-backed Houthi terrorists on February 18, which caused an 18-mile oil slick. - A cargo ship abandoned in the Gulf of Aden after an attack by Yemeni rebels remains afloat and could be towed to Djibouti this week, its operator told AFP on February 22. Rubymar, a Belize-flagged, British-registered and Lebanese-operated cargo ship carrying combustible fertiliser, was damaged in Sunday's missile strike claimed by the Iran-backed Huthi rebels. Its crew was evacuated to Djibouti after one missile hit the side of the ship, causing water to enter the engine room and its stern to sag, said its operator, the Blue Fleet Group. A second missile hit the vessel's deck without causing major damage, Blue Fleet CEO Roy Khoury told AFP. (Photo by US Central Command (CENTCOM) / AFP)

ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုခံခဲ့ရပြီးနောက် ပင်လယ်ပြင်မှာ စွန့်ပစ်ထားခဲ့တဲ့ ကုန်သင်္ဘောတစ်စင်းဟာ သဘာဝပတ်ဝန်းကျင်ကို ဘေးသင့်စေနိုင်တဲ့ ဆီယိုစိမ့်မှုအခြေအနေ ပိုဆိုးလာနိုင်တယ်လို့ အမေရိကန် ဗဟိုစစ်ဋ္ဌာနချုပ်(CENTCOM) က စနေနေ့(ဖေဖော်ဝါရီ ၂၄) မှာ သတိပေး ပြောဆိုပါတယ်။

လက်ဘနွန်ကုမ္ပဏီတစ်ခုက စီမံခန့်ခွဲတဲ့ ကုန်သင်္ဘော Rubymar ဟာ မီးလောင်လွယ် ဓါတ်မြေသြဇာတွေ တင်ဆောင်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဟူသီအဖွဲ့က ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ထိမှန်ကာ ပျက်စီးထိခိုက်ခဲ့တာဖြစ်ပါတယ်။

သင်္ဘောတစ်ဖက်ခြမ်းကို ပထမ ဒုံးကျည်တစ်စင်း ထိမှန်ခဲ့တာကြောင့် အင်ဂျင်ခန်းအတွင်း ရေတွေဝင်ရောက်ခဲ့ကာ ပဲ့ပိုင်း ကျိုးသွားခဲ့ပြီးနောက် သင်္ဘောသားတွေကို ဂျီဘူတီနိုင်ငံသို့ ကယ်ဆယ်ရွှေ့ပြောင်းပေးထားခဲ့တယ်လို့ Blue Fleet Group ကုမ္ပဏီက ပြောဆိုပါတယ်။ ဒုတိယ ဒုံးကျည်တစ်စင်းက သင်္ဘောကုန်းပတ်ကို ထိမှန်ခဲ့ပြီး ကြီးကြီးမားမား ထိခိုက်မှု မဖြစ်ခဲ့ဘူးလို့လည်း Blue Fleet ရဲ့ စီးအီးအို Roy Khoury က AFP ကို ပြောဆိုခဲ့ပါတယ်။

သင်္ဘောကို ကျောက်ချထားပေမယ့် သင်္ဘောဟာ ဖြည်းဖြည်းချင်း ရွေ့လျားနေခဲ့ပြီး ၂၉ ကီလိုမီတာခန့် ဆီယိုဖိတ်မှု ဖြစ်နေခဲ့တယ်လို့ CENTCOM က ပြောဆိုပါတယ်။ Rubymar ဟာ တိုက်ခိုက်ခံရချိန်က ဓါတ်မြေသြဇာ တန် ၄၁၀၀၀ ကျော် တင်ဆောင်ထားတာဖြစ်ပြီး ယင်းကုန်တွေ ပင်လယ်ထဲ ယိုဖိတ်ကျခဲ့ပါက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးသင့်မှု ပိုဆိုးသွားနိုင်တယ်လို့လည်း X ပေါ်တင်ခဲ့တဲ့ ပို့စ်မှာ CENTCOM က ပြောဆိုခဲ့ပါတယ်။

သင်္ဘောကို စီမံခန့်ခွဲတဲ့ ကုမ္ပဏီကတော့ ယခုသီတင်းပတ်မှာ သင်္ဘောကို ဂျီဘူတီနိုင်ငံဆီ ဆွဲခေါ်သွားနိုင်မယ့် အခြေအနေရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here