တောမီး မထိန်းနိုင်တော့တာကြောင့် ဒေသခံရာနဲ့ချီ ဘေးလွတ်ရာ ရှောင်တိမ်းဖို့ သြစတြေးလျ အာဏာပိုင်များ တိုက်တွန်း

0
149

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာ စနေနေ့က တောမီးလောင်ကျွမ်းနေမှုကို မထိန်းနိုင်တော့တာကြောင့် ပြည်နယ်ရဲ့ အနောက်ပိုင်းဒေသမှာ နေထိုင်သူ ရာနဲ့ချီကို ဘေးလွတ်ရာရွှေ့ပြောင်းကြရေး အန္တရာယ်အမြင့်ဆုံးအဆင့် သတိပေးချက်ကို အာဏာပိုင်တွေက ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

ယခုသီတင်းပတ်အစောပိုင်းက စတင်လောင်ကျွမ်းခဲ့တဲ့ အခြားတောမီးလောင်ပြင်တစ်ခုကို အန္တရာယ်အဆင့် လျှော့ချခဲ့ပြီးနောက်မှာ အခု အရေးပေါ်သတိပေးချက် ထွက်လာခဲ့တာဖြစ်ပါတယ်။ ယင်းတောမီးလောင်ကျွမ်းခဲ့မှုအတွင်း မွေးမြူရေး တိရိစ္ဆာန်တွေ ‌ေ-သဆုံးခဲ့ကာ၊ အသုံးအဆောင်ပစ္စည်းတွေ ဆုံးရှုံးခဲ့ပြီး အနောက်ပိုင်း မြို့တွေက လူဦးရေ ၂၀၀၀ ကျော်လောက် ပြည်နယ်မြို့တော် မဲလ်ဘုန်းအနောက်ဘက် ၅၉ မိုင်အကွာက ဘယ်လာရတ်မြို့ဆီ တိမ်းရှောင်ခဲ့ကြရကြောင်း သိရပါတယ်။

ယခု မီးလောင်ပြင်အသစ်ဟာ လူဦးရေ ၂၂၃ ဦးရှိ တောမြို့လေး Amphitheatre ကို ခြိမ်းခြောက်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

“အန္တရာယ် တအား ကြီးမလာခင် အခြေအနေမှာ ချက်ချင်းထွက်ခွာတာက ဘေးကင်းလုံခြုံတဲ့ ရွေးချယ်မှုပါ” လို့ ပြည်နယ် အရေးပေါ်ဋ္ဌာနက ယင်းရဲ့ ဝက်ဘ်ဆိုက်မှာ ပြောဆိုခဲ့ပြီး လက်ရှိအချိန်အထိ မီးကို မထိန်းနိုင်သေးကြောင်း ဆိုခဲ့ပါတယ်။

ဗစ်တိုးရီးယားရဲ့ အရေးပေါ် တောမီးအခြေအနေမှာ ယခုသီတင်းပတ်အတွင်း နေအိမ်သုံးလုံးနဲ့ အဆောက်အအုံတွေရဲ့ ပြင်ပ အဖီအဆွယ်များစွာ မီးလောင်ပျက်စီးခဲ့တယ်လို့ ABC သတင်းမှာ ဖော်ပြခဲ့ပါတယ်။

တောမီးတွေ စလောင်ကျွမ်းမှုဖြစ်ချိန်ကစလို့ လေယာဉ်/ရဟတ်ယာဉ် ၅၀ ကျော်နဲ့အတူ မီးသတ်သမား ၁၀၀၀ ဝန်းကျင်က ငြိမ်းသတ်မှုတွေ လုပ်နေခဲ့တယ်လို့ သိရပါတယ်။

သြစတြေးလျနိုင်ငံဟာ လက်ရှိမှာ တောမီးတွေ၊ ဆိုင်ကလုန်းတွေနဲ့ မိုးခေါင်ရေရှားမှုတို့လို ပြင်းထန်ဖြစ်စဉ်တွေနဲ့ ဆက်နွယ်နေသော အယ်နီညိုရာသီဥတု အခြေအနေကို ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

နိုင်ငံမှာ ၂၀၁၉-၂၀၂၀ ရာသီက လူ ၃၃ ဦးသေဆုံးကာ တိရိစ္ဆာန်ကောင်ရေ ၃ ဘီလီယံလောက်အထိ ‌ေ-သကျေခဲ့ပြီး တူရကီနိုင်ငံအရွယ်အစားခန့် တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ “Black Summer” တောမီးကြီးနဲ့ နှိုင်းယှဉ်ပါက ပြီးခဲ့တဲ့ တောမီးရာသီနှစ်ခုဟာ လောင်ကျွမ်းမှု လျော့ကျခဲ့ကြောင်း သိရပါတယ်။

Ref: CNBC


LEAVE A REPLY

Please enter your comment!
Please enter your name here