စင်္ကာပူအနေဖြင့် ဂါဇာ၌ အပစ်အခတ်ရပ်စဲရေးအားထောက်ခံအားပေးဟုဆို

0
132

စင်္ကာပူ၊ဖေဖော်ဝါရီ ၂၃

စင်္ကာပူနိုင်ငံသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အရေးပေါ်လိုအပ်နေသည့် ဂါဇာ ကမ်းမြောင်ဒေသအတွက် အထောက်အကူပြုပစ္စည်းများ ပေးပို့ရာ၌ အဆင်ပြေချောမွေ့စေရန်အပစ်အခတ်ရပ်စဲရေးဖော်ဆောင်မှုအား ထောက်ခံကြောင်း ဘရာဇီး၌ကျင်းပသည့် G – 20 အစည်းအဝေး၌ စင်္ကာပူဒုတိယနိုင်ငံခြားရေးဝန်ကြီး Maliki Osman ကပြောကြားခဲ့သည်။

“အရပ်သား ဓ-ားစာခံအားလုံးကို ဘေးကင်းစွာနှင့်ခြွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးဖို့လည်း ကျွန်တော်တို့တောင်းဆိုပါတယ်” ဟု ၎င်းကထပ်လောင်းပြောကြားပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ စင်္ကာပူ၏ ရပ်တည်ချက်ကိုပါ ထပ်လောင်းပြောကြားခဲ့သည်။

ဂါဇာ၌အပစ်အခတ်ရပ်စဲရေးနှင့်၎င်း၏အခြေအနေသည် G – 20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ အဓိကထားဆွေးနွေးခဲ့သည့်အကြောင်းအရာတစ်ခုဖြစ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများသည် ပါလက်စတိုင်းလွတ်လပ်မှုနှင့်ပြည်နယ်နှစ်ရပ်ဖြေရှင်းနည်းအား ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံအားပေးခဲ့ကြသည်။

အစ္စရေး၏စစ်ရေးစစ်ဆင်မှု လေးလတာကာလသို့ရောက်လာချိန်၌ G-20 ထိပ်သီးခေါင်းဆောင်များသည် ပြည်နယ်နှစ်ခုဖြေရှင်းရေးသည်သာ ဖြစ်နိုင်ခြေအရှိဆုံး နည်းလမ်းအဖြစ်ရှုမြင်ခဲ့ကြသဖြင့် တိုက်တွန်းခဲ့ခြင်းလည်းဖြစ်သည်။

Source : စီအင်န်အေ/အာရ်အယ်လ်/ဂျီအက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here