ရန်ကုန်ရောက် ဖျာပုံငါးခြောက်များဈေးကွက်တွင်းသို့ တလအတွင်း ပိဿာချိန် ၈၅၀၀၀ ထိဝင်လာ

0
277

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ငါးခြောက်အစုံ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ငါးခြောက်အစုံ ပိဿာချိန် ၅၄၀၀၀ သာတင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှ (၃၁) ရက်ထိ ငါးခြောက်အစုံပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ တင်ပို့ရောင်းချနိုင်ခဲ့သည့် ငါးခြောက်အမျိုးအစားများသည် ငါးကွမ်းရှပ်(ငါးညို)ခြောက်၊ ငါးလိပ်ခြောက်၊ ငါးပြေမခြောက်၊ ငါးဖောင်ရိုးခြောက်၊ ငါးတံခွန်ခြောက်၊ အာပြဲခြောက် စသည့်ငါးခြောက်အမျိုးအစားများကို အများဆုံးတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ဈေးနှုန်းများ အနေဖြင့် ငါးဖောင်ရိုးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၇၅၀၀၊ ငါးကွမ်ရှပ်(ငါးညို)ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀၀၊ ငါးပြေမခြောက် တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀၀၊ ငါးလိပ်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၄၄၀၀၀၊ ငါးတံခွန်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃၇၀၀ဝ၊ အာပြဲခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃၉၅၀၀ ဈေးဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here