မြစ်ကြီးနားတွင် ကုန်တင်ယာဉ်ကြီးများ ယာယီရပ်နားစခန်း အကောင်ထည်ဖေါ်ဆောင်ရွက်ရန် မြန်မာနိုင်ငံသား တိုင်းရင်းသား လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထား

0
185

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကုန်တင်ယာဉ်ကြီးများ ယာယီရပ်နားစခန်း အကောင်ထည်ဖေါ်ဆောင်ရွက်ရန်နှင့် ဆက်စပ်လုပ်ငန်းများအတွက် ကချင်ပြည်နယ် အစိုးရ အဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က နိုင်ငံပိုင်သတင်းစာမှတဆင့်တင်ဒါခေါ်ယူထားခြင်း ဖြစ်သည်။

အဆိုပါ ကုန်တင်ယာဉ်ကြီးရပ်နားစခန်းကို မြစ်ကြီးနား မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြစ်ကြီးနားမြို့၊ ပမ္မတီး ရပ်ကွက်၊ ရွှေပြည်သာကွက်သစ်ရှိ ဈေးနှင့် ပွဲရုံတန်းလျာထားမြေဧက ၇ ဧက ကျော်ပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယင်း ယာယီကုန်တင်ယာဉ်ကြီးများ ကားကြီးဝင်းအဖြစ် အကောင်ထည်ဖေါ်ဆောင်ရွက်ရန် ဆက်စပ်လုပ်ငန်း (၈) ရပ်ကို BOTစနစ်ဖြင့် (၁၀၀%) ရင်းနှီးမြုပ်နှံလိုသည့် မြန်မာနိုင်ငံသား တိုင်းရင်းသား လုပ်ငန်းရှင်များကို တတိယ အကြိမ် တင်ဒါ ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တင်ဒါလျှောက်လွှာများကို ကချင်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့ရုံးတွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အဆိုပါ တင်ဒါပုံစံများကို မတ်လ (၂၂) ရက် နောက်ဆုံးထား တင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here