အမေရိက၏ အရေးယူ ပိတ်ဆို့မှုများက ရုရှားကို ရပ်တန့်စေမည်မဟုတ်

0
139

မော်စကို၊ဖေဖော်ဝါရီ ၂၄

ရုရှား – ယူကရိန်းအရေး နှစ်နှစ်ပြည့်သည့်အနေဖြင့် အမေရိကနှင့်၎င်း၏ မဟာမိတ်များက ရုရှား၏အဓိကအကျိုးစီးပွားများကို ပိတ်ဆို့ဒဏ်ခတ်မှုများသည် အရာရောက်မည်မဟုတ်ဘဲ မော်စကိုအနေဖြင့် မိမိအကျိုးစီးပွားကို ကာကွယ်သွားမည်သာ ဖြစ်ကြောင်း အမေရိက ဆိုင်ရာ ရုရှားသံအမတ်ကြီး အနာတိုလီ အန်တိုနော့ဗ်ကပြောကြားခဲ့သည်။

အမေရိကသည် ရုရှား၏ယူကရိန်းသို့ကျူးကျော်မှု နှစ်နှစ်ပြည့်နှင့် ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်လ်နီ‌ေ-သဆုံးခဲ့ရသည့်အပေါ် လက်တုန့်ပြန်သည့်အနေဖြင့် ရုရှားနှင့်ဆက်စပ်နေသည့် ပုဂ္ဂိုလ်နှင့်လုပ်ငန်းပေါင်း ၅၀၀ ကျော်အား ပိတ်ဆို့ဒဏ်ခတ်မှုထပ်မံပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

ယင်းပိတ်ဆို့မှုနှင့်ပတ်သက်၍ ရုရှားသံအမတ်ကြီး က “တရားမဝင်တဲ့ ဒီကန့်သတ်ချက်အသစ်တွေဟာ ရုရှားဖက်ဒရေးရှင်းရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ပြောင်ပြောင် တင်းတင်းပြုလုပ်တဲ့ ရိုင်းစိုင်းတဲ့ ကြိုးပမ်းမှုတွေပါပဲ” ဟုပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် Mir ငွေပေးချေမှုစနစ်၏အော်ပရေတာဖြစ်သော ရုရှားနိုင်ငံပိုင်ငွေပေးချေမှုကတ်စနစ်၊ SPB Exchange ကပိုင်ဆိုင်သော SPB ဘဏ်၊ရွှေထုတ်လုပ်သည့်ကုမ္ပဏီ Uzhuralzoloto၊ ပိုက်ထုတ်လုပ်သည့် TMK နှင့် ရုရှားသံမဏိထုတ်လုပ်သည့်ကုမ္ပဏီ Mechel တို့အပါအဝင်အခြားအရာများကိုပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်ခဲ့ခြင်းလည်းဖြစ်သည်။

ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံအတွင်းငွေပေးချေမှုဝန်ဆောင်မှုလုပ်ငန်းများကို ထိခိုက်မည်မဟုတ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here