“စိတ်ချင်းဆက်နွယ် ယူနန်အစီအစဉ်” စီမံကိန်းဖြင့် သာကေတမြို့နယ်အတွင်း ဆိုလာလမ်းမီးတိုင် အစုံ (၄၀) လှူဒါန်း

0
148

ယူနန်ပြည်နယ် ပြည်သူအစိုးရ နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူးချုပ် Mr. Zhang Shijin က သာကေတမြို့နယ်၊ ၁၀/မြောက်ရပ်ကွက်ရှိ လမ်းများတွင် တပ်ဆင်နိုင်ရေး (၉)မီတာ အရှည်ရှိသည့် နေရောင်ခြည်စွမ်းအင်သုံး လမ်းမီးအစုံ(၄၀) နှင့် သက်ဆိုင်သည်များကို ပေးအပ်လှူဒါန်းခဲ့သည်။

“စိတ်ချင်းဆက်နွယ် ယူနန်အစီအစဉ်” စီမံကိန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘေးပတ်ဝန်းကျင် နိုင်ငံများ၌ ဆောင်ရွက်နေသော “သေးငယ်ပေမယ့် လှပေတယ်” ဆိုသော ပြည်သူ့အကျိုးဆောင် စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၂၂ – ၂၀၂၃ ခုနှစ်တွင် စီမံကိန်း (၉၂) ခုကို နိုင်ငံပေါင်း (၁၇) နိုင်ငံ၏ မြို့နယ်ကျေးရွာ (၄၈) ခု၊ အလယ်တန်း၊ အထက်တန်း၊ မူလတန်းကျောင်း (၁၅၃) ကျောင်းတွင် ဆောင်ရွက်ခဲ့ရာ ပြည်သူပေါင်း (၂၆)သိန်းအတွက် အကျိုးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၂ ခုနှစ် တလျှောက် အခြေခံအဆောက်အအုံ၊ ထုတ်ကုန်တိုးမြင့်ရေး၊ လယ်ယာလုပ်ငန်း နည်းပညာ၊ ယဉ်ကျေးမှုပညာရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြို့နယ်ဖွံ့ဖြိုးရေး၊ သဘာဝဘေး အန္တရာယ်ကယ်တင်ရေး စသည့် နယ်ပယ်များ၌ “စိတ်ချင်းဆက်နွယ် ယူနန်အစီအစဉ်” စီမံကိန်း (၂၄) ခု မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ရာယင်းမှ မြန်မာနိုင်ငံ အခြေစိုက် ယူနန်ပြည်နယ် စီးပွားကူးသန်း ရောင်းဝယ်ရေး ကိုယ်စားလှယ်ရုံးမှ ရန်ကုန်မြို့ ကျောင်းအားကစားကွင်းများ ပြင်ဆင်ရေးစီမံကိန်း၊ ရန်ကုန်မြို့ဆိုလာလမ်းမီးတိုင်စီမံကိန်း၊ မိုခါမုန်တိုင်းသင့်ဒေသ ပြန်လည်တည်ဆောက်ရေး စသည့် စီမံကိန်း (၃) ခုပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here