နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်းသို့ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၈ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ရောင်းချပေးမည်

0
164

ဖေဖော်ဝါရီ (၂၆) ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ ၈ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ယခုအကြိမ်သည် ဗဟိုဘဏ်၏ ဖေဖော်ဝါရီလအတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် ဈေးကွက်အတွင်းသို့ နိုင်ငံခြားငွေ ထုတ်ရောင်း‌ပေးသည့် (၈)ကြိမ် မြောက်ထုတ်ရောင်းပေးခြင်းဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်နှင့် ထိုင်းဘတ် သန်း ၈၅၀ အထိ ရောင်းချပြီး ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း နိုင်ငံခြား‌ငွေများ စတင်ထုတ်ရောင်းပေးချိန်မှစတင်ကာ တစ်လခွဲအတွင်း ဒေါ်လာ ၁၂၁ ဒသမ ၃၁ သန်းနှင့် ထိုင်းဘတ်သန်း ၉၀၀ ကို ရောင်းချပေးထားကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း ဒေါ်လာထုတ်ရောင်းပေးမှုအနေဖြင့် ဇန်နဝါရီ (၁) ရက်တွင် ၁၂ ဒသမ ၉၃ သန်း၊ ဇန်နဝါရီ (၅) ရက်တွင် ဒေါ်လာ ၁၆ သန်း၊ ဇန်နဝါရီ (၁၅) ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ (၂၅) ရက်တွင် ဒေါ်လာ ၉ သန်း၊ ဇန်နဝါရီ (၂၆) ရက်တွင် ‌‌ဒေါ်လာ ၅ သန်း၊ ဇန်နဝါရီ (၂၉) ရက်တွင် ဒေါ်လာ ၉ သန်း၊ ဖေဖော်ဝါရီ (၁) ရက်တွင် ဒေါ်လာ ၁၃ သန်း၊ ဖေဖေါ်ဝါရီ (၅) ရက်တွင် ဒေါ်လာ ၁၁ သ န်း၊ ဖေ‌ဖော်ဝါရီ (၈) ရက်တွင် ဒေါ်လာ ၈ သန်းနှင့် ဖေ‌ဖော်ဝါရီ (၁၄) ရက်တွင် ဒေါ်လာ ၅ ဒသမ ၃၈ သန်းနှင့် ဖေဖော်ဝါရီ (၁၅) ရက်တွင် ဒေါ်လာ ၉ သန်း၊ ဖေဖော်ဝါရီ (၁၉) ရက်တွင် ဒေါ်လာ ၈ သန်း ထပ်မံထုတ်ရောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ လူသုံးကုန်အများဆုံးတင်သွင်းသည့် ထိုင်းနိုင်ငံနှင့်ကုန်သွယ်ရေးတွင် အဆင်ပြေစေရန်အတွက် ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ (၁၉) ရက်တွင် ထိုင်းဘတ် သန်း ၅၀၊ ဇန်နဝါရီ (၂၅) ရက်တွင် ထိုင်းဘတ် သန်း ၂၀၀ နှင့် ဇန်နဝါရီ (၂၆) ရက်တွင် ထိုင်းဘတ် သန်း ၅၀ နှင့် ဖေဖော်ဝါရီ (၇) ရ က်တွင် ထိုင်းဘတ်သန်း ၂၀၀ နှင့် ဖေဖော်ဝါရီ (၁၅) ရက်တွင် ထိုင်းဘတ်သန်း ၂၀၀ ၊ဖေဖော်ဝါရီ (၁၉) ရက်တွင် ထိုင်းဘတ်သန်း ၂၀၀ ထပ်မံထုတ်ရောင်း၍ တစ်လအတွင်း စုစုပေါင်း ထိုင်းဘတ်သန်း ၉၀၀ ထုတ်ရောင်းပေးထားသည်။

ထို့ပြင် ဇန်နဝါရီ (၁) ရက်တွင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်‌ရောင်းပေးထားပြီး၊ အလားတူ လူသုံးကုန်နှင့် ‌ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂ နှင့် ထိုင်းဘတ် ၁၃ ဒသမ ၅ သန်း ရောင်းချပေးထားကာ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအတွက် ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းရောင်းချပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here