ဇရပ်ကြီးမြို့ခံ စစ်ရှောင်ပြည်သူ (၃၀၀) ကျော် နေရပ်ပြန်

0
130

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဇရပ်ကြီးမြို့ခံ စစ်ဘေးရှောင်အချို့ နေရပ်ပြန်နေပြီဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် ပရဟိတအဖွဲ့များထံမှ စုံစမ်း သိရသည်။

မြို့ခံစစ်ရှောင် ပြည်သူ (၃၀၀) ကျော်မှာ ဖေဖော်ဝါရီ (၂၃) ရက်နှင့် (၂၄)ရက်တို့တွင် နေရပ်ပြန်ခဲ့ကြပြီး ယနေ့ ဖေဖော်ဝါရီ(၂၅)ရက်တွင်လည်း ဇရပ်ကြီးမြို့ခံ ပြည်သူ (၅၀)ဦးခန့်ကို နှစ်သုတ်ခွဲ၍ ပြန်လည်ပို့ဆောင်ပေးလျက်ရှိကြောင်း ဒေသခံပရဟိတအဖွဲ့များထံမှ စုံစမ်း သိရသည်။

“အဓိက ကတော့ သူခိုးရန်ပေါ့။ အခုမီးလောင်သွားတော့ ပြန်ကြတာလည်းပါတယ်။ တိုက်ပွဲကလည်း ငြိမ်သွားပါပြီ။ ဒါတွေကြောင့် ပြန်ကြတာပါ”ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၃)ရက် မွန်းလွဲ (၂)နာရီအချိန်ခန့်တွင် တိုက်ပွဲရှောင်နေရသည့် ဇရပ်ကြီးမြို့ဈေး၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း (၈၀)ခန့်နှင့် လူနေအိမ် နှစ်လုံးမီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။

ယခုလ အတွင်း ဇရပ်ကြီးမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာနေ စစ်ရှောင်ပြည်သူများကိုလည်း အသီးသီးနေရပ်ပြန်လည်ပို့ဆောင်နေရပြီး လက်ရှိတွင် တောင်ငူစစ်ရှောင်များထားရာ နေရာ (၄၆)ခုတွင် စစ်ရှောင်ပြည်သူ (၆,၀၀၀)ခန့်သာ ကျန်ရှိတော့ကြောင်း ဆိုသည်။

“တိုက်ပွဲစဖြစ်တော့ ဇရပ်ကြီးမြို့ခံရော ပတ်ဝန်းကျင်ရွာတွေကရော စစ်ရှောင်လာတာ(၁၂,၀၀၀)ကျော် လောက်ရှိတာပေါ့။ နောက်ရက်တွေလည်း ပြန်ကြမှာရှိတယ်။ အသုတ်လိုက် လိုက်ပို့ပေးနေပါတယ်” ဟု တောင်ငူဒေသခံ တစ်ဦးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here