ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု တနင်္လာနေ့ စမည်

0
227

စစ်သည်ပေါင်း ၁၀၀၀၀ နီးပါး ပါဝင်ဆင်နွှဲမယ့် Cobra Gold (ရွှေမြွေဟောက်)စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၂၆ ရက်ကနေ မတ်လ ၈ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး တာဝန်ရှိသူတွေရဲ့ အဆိုအရ လေကြောင်းပိုင်နက်အချို့ သုံးပြီးလေ့ကျင့်မှာဖြစ်၍ လေယာဉ်လိုင်းအချို့ နှောင့်နှေးကြန့်ကြာမှုတွေ ကြုံရနိုင်တယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပမာဏ လျှော့ချပြုလုပ်ခဲ့ရပြီးနောက်ပိုင်း ပထမဆုံးနှစ်အဖြစ် အင်ပြည့်အားပြည့် လုပ်ဆောင်သွားမှာဖြစ်ပြီး ၁၂ ရက်ကြာ စစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံပေါင်း ၃၀ မှ စစ်သည် ၉၅၉၀ ဦးပါဝင်သွားမှာဖြစ်တယ်လို့ ထိုင်း ကာကွယ်ရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Jirayu Huangsap က ပြောဆိုပါတယ်။

မွေထိုင်းလက်ဝှေ့စွမ်းရည်ပြသမှုကို ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ထည့်သွင်းသွားမှာဖြစ်ပြီး မွေထိုင်းကို အနာဂတ် နိုင်ငံရပ်ခြား အားကစားတစ်ခုအဖြစ် မြှင့်တင်ဆောင်ရွက်ရာမှာ အထောက်အကူဖြစ်ဖို့ အစိုးရက မျှော်မှန်းထားတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။

၄၃ ကြိမ်မြောက် ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုတွေကို မနက် ၈ နာရီကနေ ည ၉ နာရီအထိ လုပ်ဆောင်သွားဖို့ရှိပြီး ယင်း ကာလအတွင်း စစ်ရေးလေ့ကျင့်မှု အဆင်ပြေ ချောမွေ့စေဖို့အတွက် အရှေ့မြောက်၊ မြောက်၊ အရှေ့နဲ့ တောင်ပိုင်းဒေသက လေကြောင်းပိုင်းနက် အစိတ်အပိုင်းတွေကို ပိတ်ထားမှာဖြစ်တယ်လို့ ထိုင်း လေကြောင်းရေဒီယိုဋ္ဌာန ဥက္ကဋ္ဌ Nopasit Chakpitak က ပြောဆိုပါတယ်။

ယင်းကာလအတောအတွင်း လေကြောင်းခရီးစဉ်တွေ အနည်းငယ် ကြန့်ကြာမှု ကြုံရမယ်လို့လည်း ၎င်းက ပြောဆိုခဲ့ပါတယ်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here