AI ပညာရေးအခြေခံ ကျောင်း ၁၈၄ ကျောင်းစာရင်း တရုတ်ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

0
227

တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနသည် AI ပညာရေးကို ပိုမိုကောင်းမွန်စွာ မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဉာဏ်ရည်တု(AI) နည်းပညာကို အခြေခံပညာရေးသင်ကြားမှုအဖြစ် ရွေးချယ်ထားသော မူလတန်းနှင့် အလယ်တန်းကျောင်း ၁၈၄ ကျောင်းစာရင်းကို မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ယခုကြေညာလိုက်သော AI ပညာရေးအခြေပြု မူလတန်းနှင့် အလယ်တန်းကျောင်းများတွင် သတင်းအချက်အလက်နည်းပညာ၊ အထွေထွေနည်းပညာနှင့် အခြားဆက်စပ်သင်တန်းများကို အဓိကထား၍ ပညာရေးနှင့် သင်ကြားရေးအရင်းအမြစ်များ ပိုမိုကြွယ်ဝလာစေရန်နှင့် ဆရာအတတ်ပညာနှင့် လမ်းညွှန်မှုများကို ဆောင်ရွက်သင့်ကြောင်း တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

AI ပညာရေးကို အကောင်အထည်ဖော်ရာတွင် AI အခြေပြု သင်ရိုးညွှန်းတမ်းများ ရေးဆွဲခြင်း၊ သင်ကြားရေး နည်းစနစ်များ ပြုပြင်ပြောင်းလဲခြင်း၊ ဒစ်ဂျစ်တယ် ပညာရေး အရင်းအမြစ်များ ပူးတွဲတည်ဆောက်ခြင်းနှင့် မျှဝေခြင်း၊ ဆရာ/ဆရာမများအတွက် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ တတ်မြောက်မှုများ ပြုစုပျိုးထောင်ခြင်းတို့တွင် စံနမူနာပြနှင့် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်လာစေရန်နှင့် တွန်းအားပေးခြင်း၊ လမ်းညွှန်မှုများ အားကောင်းလာစေရန်၊ ကျောင်းသားများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပေးရန် အစရှိသည်တို့ကို ဘက်ပေါင်းစုံ ဌာနပေါင်းစုံက ဝိုင်းဝန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here