စစ်ပွဲနှစ်နှစ်ပြည့်ချိန်၌ ရုရှားကို နိုင်ရမည်–ယူကရိန်းသမ္မတ

0
149

ကိဗ်၊ဖေဖော်ဝါရီ ၂၅

ရုရှားက ယူကရိန်း ကို ကျူးကျော်တိုက်ခိုက်သည့်စစ်ပွဲနှစ်နှစ်ပြည့်ချိန်တွင် ရုရှားကို အနိုင်တိုက်မည်ဖြစ်ကြောင်း သမ္မတဇလန်းစကီးက ကတိပြုခဲ့ပြီး ၎င်း၏အနောက်အုပ်စုမဟာမိတ်များကိုလည်း စစ်ရေးအထောက်အပံ့များ ပိုမိုကူညီပေးရန်တောင်းဆိုခဲ့ကြောင်းသိရသည်။

ဆက်လက်၍ သမ္မတဇလန်းစကီးက G – 7 နိုင်ငံများ၏ အထောက်အကူများသည် ရှေ့တန်းစစ်မျက်နှာပြင်၌ များစွာအထောက်အကူဖြစ်စေကြောင်းကို ခေါင်းဆောင်များအား ပြောကြားခဲ့သည်။

G – 7 ခေါင်းဆောင်များအနေဖြင့် စစ်ရေးအကူအညီအတွက် တရားဝင်ထုတ်ပြန်ကြေငြာခြင်းမျိုးမလုပ်ခဲ့သော်လည်း ယူကရိန်းဘဏ္ဍာငွေအားကာမိစေမည့် အကူအညီရနိုင်ရန်အတွက်ကိုမူ အစည်းအဝေးအပြီးတွင်ထုတ်ပြန်ကြေငြာခဲ့သည်။

စစ်ပွဲသည် သုံးနှစ်တာကာလအတွင်းသို့ ရောက်ရှိလာသကဲ့သို့ အမေရိက၏ ဒေါ်လာဘီလျံ ၆၀ တန် စစ်ရေးအကူအညီ စီမံကိန်းက နှောင့်နှေးနေ၍ ယူကရိန်းနိုင်ငံသားများအတွက် ခဲယမ်းမီးကျောက် ပြတ်လပ်မှုများရှိလာခဲ့သည်။ သို့သော် သမ္မတဇလန်းစကီးကမူ ၎င်းတို့သာနိုင်ရမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ယူကရိန်း၏ စစ်ဘက်ဆိုင်ရာအကြီးအကဲအသစ်ကလည်း အချိန်တန်ပါက အလင်းနှင့်အမှောင်တွင် အလင်းသာအနိုင်ရစမြဲဖြစ်သဖြင့် ၎င်းတို့သာ ဧကန်မုချနိုင်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရုရှားက ယူကရိန်းကို စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ရုရှားသည်ယူကရိန်းအား ရက်ပိုင်းအတွင်းအနိုင်ရနိုင်သည်ဟု အများကခန့်မှန်းခဲ့ကြသော်လည်း ယူကရိန်း၏ စွမ်းစွမ်းတမံခုခံမှုကြောင့် ယခုကဲ့သို့ နှစ်ချီကာ ကြာမြင့်လာခြင်းဖြစ်သည်။

ထို့ကြောင့်ပင် နေတိုးခေါင်းဆောင်ကလည်း ယူကရိန်းနှင့်၎င်း၏မဟာမိတ်များအား စိတ်ဓါတ်မကျဘဲ ဆက်လက်တိုက်ပွဲဝင်ရန် တိုက်တွန်းအားပေးခဲ့ခြင်းလည်းဖြစ်သည်။

Source : အေအက်ဖ်ပီ/အာစီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here