ရာဖာမြို့မြေပြင်ထိုးစစ် အစ္စရေးအစိုးရအတည်ပြုရေး ဆွေးနွေးမည်

0
147

တဲလဗီ၊ဖေဖော်ဝါရီ ၂၅

ဂါဇာကမ်းမြောင်ဒေသ၏တောင်ဘက်စွန်း ရာဖာမြို့သို့ မြေပြင်ထိုးစစ်ဆင်မည့် အစ္စရေးကာကွယ်ရေးတပ်၏အစီအစဉ်ကို အစိုးရအဖွဲ့က ဆွေးနွေးအတည်ပြုနိုင်ရန် လာမည့်သီတင်းပတ်တွင် ခေါ်ယူဆွေးနွေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက အဆိုပါအစည်းအဝေး၌ ဂါဇာကမ်းမြောင် ဒေသမှ ရာဖာဒေသရှိ အရပ်သားပြည်သူများအား ဘေးလွတ်ရာရွှေ့ပြောင်းပေးရေးအစီအစဉ်များကိုပါ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ်နေတန်ယာဟု၏ ယခုပြောကြားချက်သည် အစ္စရေးနှင့်ဟားမတ်စ်တို့အကြား တတိယအကြိမ်မြောက် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရရှိရန်နှင့် ဓ-ါးစာခံများအား ထပ်မံလွှတ်ပေးနိုင်ရန် ညှိနှိုင်းမှုများပြုလုပ်နေစဉ် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

“ဖမ်းဆီးခံဓ-ါးစာခံတွေလွတ်မြောက်ရေးနဲ့ ရာဖာမြို့မှာရှိတဲ့ ဟားမတ်စ်တပ်ရင်းတွေကို အပြီးသတ်ဖယ်ရှားနိုင်ရေးလုပ်ငန်းစဉ်တစ်ခုကိုရောက်ဖို့ ကျွန်တော်တို့လုပ်ဆောင်နေပါတယ်” ဟုလည်း၎င်းကပြောကြားခဲ့သည်။

ဆက်လက်၍လည်း၎င်းက “စစ်ရေးဖိအားနဲ့ ခိုင်လုံတဲ့စေ့စပ်ညှိနှိုင်းမှုတွေ ပေါင်းစပ်မှပဲ ကျွန်တော်တို့စစ်ပွဲရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ ဓ-ါးစာခံတွေလွတ်မြောက်ဖို့၊ ဟားမတ်စ်တွေကိုအပြီးသတ်ဖယ်ရှားဖို့ စတဲ့အရာတွေကိုရနိုင်မှာပါ” ဟုလည်းထပ်လောင်းပြောကြားခဲ့သည်။

Source : ဝိုင်ယို


LEAVE A REPLY

Please enter your comment!
Please enter your name here