လူထုအခြေပြု ခရီးသွားလုပ်ငန်း ခရီးစဉ်ဒေသအသစ်ကို ညောင်ဦးမြို့တွင် ဖော်ဆောင်မည်

0
197

မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးမြို့၌ လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism -CBT) ခရီးစဉ်ဒေသအသစ်ကို ဖော်ဆောင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၏ ပြောကြားချက်အရ သိရသည်။

ညောင်ဦးမြို့အနီးရှိ သဲပြင်တောကျေးရွာသို့ သွားရောက်ပြီး အဆိုပါ ကျေးရွာရှိ ရှေးနှစ်ပေါင်း (၁၅၀) ခန့်က တည်ရှိခဲ့သည့် ရှေးဟောင်းဘုန်းကြီးကျောင်း (ရုပ်စုံကျောင်း) နှင့် ကျေးရွာသဘာဝ အလှအပများ၊ နေဝင်ချိန်ရှုခင်းအလှအပများကို ကြည့်ရှုခံစားနိုင်သည့် ရွှေနတ်တောင်ပေါ်အား လူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism-CBT) ခရီးစဉ်ဒေသအဖြစ် ဖော်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် ညောင်ဦးမြို့၏ အရှေ့တောင်ဘက်ရှိ ဇီးအိုကျေးရွာသို့ သွားရောက်ကာ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ စိတ်ဝင်စားစွာ လာရောက်လည်ပတ်လေ့ရှိသော နှစ်ပေါင်း (၉၀၀) ခန့်သက်တမ်းရှိသော မန်ကျည်းပင်ကိုးခွနှင့် အင်ကြင်းတောများ၊ ပလင်းကမ်းသာယာဆင်စခန်းသို့ သွားရောက်ကာ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကိုလည်း သွားရောက်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here