QR ကုတ်ဖြင့် ယာဉ်စီးခပေးချေသည့်စနစ် အခက်အခဲများရှိနေသေးဟု ခရီးသည်များပြော

0
186

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် QR ကုတ်ဖြင့် ယာဉ်စီးခပေးချေသည့်စနစ်ကို အကောင်အထည်ဖော်နေသော်လည်း အခက်အခဲများရှိနေသေးကြောင်း ခရီးသည်များ၏ ပြောကြားချက်အရ သိရသည်။

YBS ယာဉ်စီးခပေးချေရာတွင် ကတ်ဖြင့်ငွေးပေးချေနိုင်သည့်စနစ်သာမက YPS QR ဖြင့် ပေးချေနိုင်သည့်စနစ်ကို Yangon Payment Service (YPS) မှ စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ YPS QR စနစ်သည် နည်းပညာအားဖြင့် အဆင့်မြင့်သော်လည်း သုံးစွဲသူများအကြားတွင် လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများမှာ မိမိကိုင်ဆောင်သည့် ဖုန်းအမျိုးအစားပေါ်မူတည်ပြီး app ကို download ပြုလုပ်ရန် လွယ်ကူမှုမရှိခြင်း၊ ငွေပေးချေရာတွင် မိမိဖုန်းကို အသွင်းအထုတ်ပြုလုပ်ပြီး ငွေပေး ချေရမည့် အခြေအနေများကြောင့် ခါးပိုက်နှိုက်အန္တရာယ် သတိပြုနေရခြင်းတို့ဖြစ်ပေါ်နေကြောင်း သိရသည်။

ထို့အပြင် အင်တာနက်လိုင်းအခြေအနေပေါ်မူတည်နေခြင်း၊ မိုဘိုင်းဖုန်းအား အခြေအနေပေါ်မူတည်နေခြင်း၊ သက်ကြီးရွယ်အိုများအတွက် အသုံးပြုရန်မလွယ်ကူခြင်း စသဖြင့် အခက်အခဲများရှိနေကြောင်း ခရီးသည်များက ဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဥ်လိုင်းပေါင်း (၈၀) ကျော်တွင် YPS QR စနစ်ကို အသုံးပြုနိုင်ပြီး YPS ကတ် စနစ်သာမက YPS QR စနစ်ကိုပါ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

စင်္ကာပူတွင် အများပြည်သူသုံး ပို့​ဆောင်​ရေးကို အသုံးပြုသူတစ်ဦးက ” ကျ​နော်တို့လို အ​နေကြာ​တွေအ​နေနဲ့​တော့ ဘဏ်ကတ်၊ မိုဘိုင်းဖုန်းတို့နဲ့ ​ပေး​ချေမှူလွယ်လွယ်ကူကူပါပဲ၊ တခါတ​လေလာတဲ့သူ​တွေအ​နေနဲ့က ခရီးသွားကတ်​လေး​တွေ ဝယ်ဖြည့်သုံးလို့ရတယ်။ဘတ်စ်ကားမှာ ​ငွေသား​ပေးရင်​တောင် စက်ထဲပဲထည့်ရတယ်။ နည်းပညာ အခက်အခဲမရှိ၊ ခါးပိုက်နှိုက်လို လုံခြုံ​​ရေးစိန်​ခေါ်မှူမရှိ​တော့ အ​တော်အဆင်​ပြေပါတယ်။ အသက်ကြီးတဲ့သူတွေလည်းကတ်စနစ်နဲ့ အသားကျပါတယ်”ဟု ဆိုသည်။

ပုံ- စင်္ကာပူရှိဘတ်စ်ကား


LEAVE A REPLY

Please enter your comment!
Please enter your name here