လျှပ်စစ်ဘတ်စ်များ တပ်ဆင်ထုတ်လုပ်မည့် လုပ်ငန်းများကို အမြန်လုပ်ရန် စက်မှုဝန်ကြီးပြော

0
195

လျှပ်စစ်မော်တော်ယာဉ်များနှင့်ပတ်သက်ပြီးမူဝါဒများရေးဆွဲ၍ ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးဆောင်ရွက်လျက်ရှိသဖြင့် လျှပ်စစ်ဘတ်စ်များ တပ်ဆင်ထုတ်လုပ်မည့် လုပ်ငန်းများကို လျင်မြန်စွာအကောင်အထည်ဖော် ဆောင်ရွက်ရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် Daewoo Bus ထုတ်လုပ်သည့် အလုပ်ရုံသို့ သွားရောက် ကြည့်ရှု့စဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီတာဝန်ရှိသူများအနေဖြင့် လူမှုတာဝန်သိမှုလုပ်ငန်းများ (Corporate Social Responsibility – CSR) ဆောင်ရွက်ပေးရန်၊ လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် Charging Station နှင့် ရွှေ့လျား Charger တို့ကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။

လက်ရှိတစ်နှစ်ကျော်ကာလအတွင်း ပြည်တွင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ EV ယာဉ်အမျိုးမျိုးအစီးရေ (၅၀၀၀) ကျော် မှတ်ပုံတင်ထားသည်။

ပြည်တွင်း၌ ယခင်က EV ယာဉ်နှင့် ဆက်စပ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပေးထားသည့်ကုမ္ပဏီ (၃၀) ရှိရာမှလက်ရှိတွင် ကုမ္ပဏီ (၈၀) ကျော်အထိ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပေးထားကြောင်း အမျိုးသားအဆင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here