မန္တလေးတွင် မြန်မာအမျိုးသမီး ဘောလုံး အကယ်ဒမီ တည်ဆောက်မည်

0
209

မန္တလေးတိုင်း ဒေသကြီးတွင် မြန်မာအမျိုးသမီး ဘောလုံး အကယ်ဒမီ တည်ဆောက်ရေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဖေဖော်ဝါရီ (၂၅) ရက်၊ နံနက်က နိုဗိုတယ်ရန်ကုန် မက်စ်တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အလုပ်အမှုဆောင် အစည်းအဝေး (၁/၂၀၂၄)တွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆန်း (အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန) က မြန်မာအမျိုးသမီး ဘောလုံး အကယ်ဒမီကို မန္တလေးမြို့တွင် တည်ဆောက်ရေး၊ နိုင်ငံတကာအဆင့်မီ ဖူဆယ်‌ လေ့ကျင့်ရေးကွင်း တည်ဆောက်ရေး၊ လက်ရွေးစင် အသင်းများအဆင့်မြင့် ‌လေ့ကျင့်ရေးစင်တာ High Performance Center (HPC) တည်ဆောက်ရေး၊ ဧရာဝတီ ဖောင်ဒေးရှင်း ပံ့ပိုးမှုဖြင့် လေ့ကျင့်ရေးကွင်း (၂)ကွင်း ပြုပြင်တည်ဆောက်ရေး တို့ကို တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ အခြေခံကျောင်းများအတွက် ဘောလုံးပညာ (FIFA Football For School) အစီအစဉ်ကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် အတူတကွအကောင်အထည်ဖော်ရေးနှင့် လူငယ်များအတွက် နွေရာသီ အခြေခံဘောလုံးသင်တန်းများဒေသ အသီးသီးတွင် ပူးပေါင်းဖွင့်လှစ်နိုင်ရေး ဆွေးနွေးခဲ့ကြကြော င်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here