ဒိုက်ဦးမြို့နယ်မှ ပျောက်ဆုံးနေသည့် (၃)နှစ်အရွယ် က-လေးငယ်တစ်ဦး (၃) ရက်ကြာသည်အထိ ပြန်မတွေ့သေး

0
181

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်း၌ (၃) နှစ်သားအရွယ် က-လေးငယ်တစ်ဦး ပျေက်ဆုံးမှုဖြစ်ပွားခဲ့ပြီးလက်ရှိ အချိန်ထိ ပြန်လည်မတွေ့ရှိသေးကြောင်း မိသားစုအသိုင်းဝန်းထံမှ သိရသည်။

ပျောက်ဆုံးနေသည့် က-လေးငယ်မှာ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ အနောက်ပိုင်းတွင် နေထိုင်သည့် ဦးအေးဇော်မြင့်၊ ဒေါ်နွယ်နွယ်စိုးတို့၏ သားဖြစ်သူ (၃) နှစ်အရွယ် မောင်ဇွဲမာန်သစ်ဖြစ်ပြီး ဖေဖော်ဝါရီ (၂၄)ရက်၊ ညနေ (၅) နာ ရီကျော်ခန့်တွင် နေအိမ်မှ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“အိမ်မှာတင် ပျောက်တာပါ။ ကလေးက ထမင်းစားမယ်ဆိုလို့ အမေလုပ်သူက အိမ်ပေါ်တက် ထမင်းခူးပြီး ဟင်းနွာပေးပြီး စားဖို့လှမ်းခေါ်ချိန် မရှိတော့တာပါဗျာ” ဟု မောင်ဇွဲမာန်သစ်၏ ဖခင်ဖြစ်သူက လူမှုကွန်ရက်မှတဆင့် မျှဝေထားသည်။

ကလေ-းငယ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဖခင်ဖြစ်သူက အခင်းဖြစ်ပွားသည့် ညနေပိုင်းမှစတင်ကာ ၎င်းအသုံးပြုသည့် Facebook လူမှုကွန်ရက်စာမျက်နှာမှတဆင့် အကူအညီတောင်းခံထားပြီး လူမှုကွန်ရက်အသုံးပြုသူများမှလည်း ထပ်ဆင့်မျှဝေ အကူညီတောင်းခံမှုများ လုပ်ဆောင်ပေးလျက်ရှိသည်။

ပျောက်ဆုံးနေသည့် က-လေးငယ်မှာစကားနည်းသော်လည်း မိသားစုဓာတ်ပုံကို ပြပါက မိခင်နှင့် ဖခင်ဖြစ်သူတို့အား ရွေးချယ်ပြောဆိုနိုင်သည့်အတွက် မိသားစုဓာတ်ပုံအားပြ၍ မေးမြန်း‌ကူညီပေးကြရန်လည်း ဖခင်ဖြစ်သူ ဦးအေးဇော်မြင့်က မိသားစုဓာတ်ပုံဖြင့် အကူညီတောင်းခံထားသည်။

“ကလေးက စကားနည်းပါတယ်ခင်ဗျ။ ကလေးတစ်ဦးတည်း အကယ်၍ တွေ့ပါက ဒီပုံကို ပြပါခင်ဗျ ဖေဖေ မေမေ မမ ကိုကို ဆိုပြီး ထောက်ပြတတ်ပါတယ်ခင်ဗျ။”ဟု ဖခင်ဖြစ်သူက ဆိုသည်။

အဆိုပါ က-လေးငယ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မိသားစု အသိုင်းဝန်းမှ လိုက်လံစုံစမ်းရှာဖွေမှုများ လုပ်ဆောင်လျက်ရှိသော်လည်း ယနေ့ ဖေဖေါ်ဝါရီ (၂၆) ရက် နေ့လယ်ပိုင်းအထိ ပြန်လည်မတွေ့ရှိရသေးကြောင်း မိသားစု အသိုင်းဝန်းမှ သိရသည်။

မောင်ဇွဲမာန်သစ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဝိုင်းဝန်းကူညီရှာဖွေပေးကြရန်နှင့် ကလေးငယ်အားတွေ့ရှိပါက မိသားစုထံ ဆက်သွယ်အကြောင်းကြားပေးကြရန် ဖခင်ဖြစ်သူ ဦးအေးဇော်မြင့်က အကူညီတောင်းထံထားသည်။

ကလေးငယ်အား တွေ့ရှိပါက တယ်လီဖုန်းနံပါတ် 09973052423,09978320051,09967361357,09409549437 တို့ထံသို့ ဆက်သွယ်အကြောင်းကြားပေးကြရန်လည်း မိသားစုဝင်များက အကူအညီတောင်းခံထားကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here