လားရှိုးမြို့၌ တောအုပ်အတွင်း ‌ေ-သဆုံးနေသည့် အမည်မသိ အမျိုးသား အလေ-ာင်း တစ်လေ-ာင်း တွေ့ရှိ

0
112

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက်(၅)၊ ရေကန်တောင်၊ ရေကန်အမှတ်(၁)၊ နတ်စင်အနောက်ရှိ တောအုပ်ထဲတွင် ‌ေ-သဆုံးနေသည့် အမည်မသိ အမျိုးသား အလေ-ာင်း တစ်လေ-ာင်း တွေ့ရှိခဲ့သည့်အတွက် လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း လားရှိုး လူငယ်များလူမှုကူညီရေးအဖွဲ့မှ သိရသည်။

ဖေဖော်ဝါရီ (၂၆)ရက်၊ နံနက် (၁၀)နာရီခွဲအချိန်ခန့်က အမျိုးသားတစ်ဦး ‌ေ-သဆုံးနေသဖြင့် ကူညီပေးနိုင်ပါရန် တာဝန်သိ ပြည်သူတစ်ဦးမှ ဆက်သွယ် အကြောင်းကြားချက်အရ အဖွဲ့မှ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိချိန်တွင် တာဝန်ရှိသူများမှ လိုအပ်သည့် စစ်ဆေးမှုများအား ဆောင်ရွက်ပြီးနောက် ‌ေ-သဆုံးသူ အမျိုးသား(၁)ဦးအား သယ်ဆောင်၍ လားရှိုးပြည်သူ့ဆေးရုံကြီး-အရေးပေါ်ဌာနသို့ ပို့ဆောင်ကာ ထိုမှတဆင့် ရင်ခွဲရုံသို့(PR-002)ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

‌ေ-သဆုံးသူ၏ အမည်၊နေရပ်မသိရှိရသေးသည့်အတွက်‌ေ-သဆုံးသူအား သိရှိပါက မိသားစုဝင်များထံသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးရန်လည်း မေတ္တာရပ်ခံပန်ကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here