တရုတ်နှင့်ယွမ်ချေးငွေကိစ္စဆွေးနွေးနေ–ရုရှားဘဏ္ဍာရေးဝန်ကြီး

0
175

မော်စကို၊ဖေဖော်ဝါရီ ၂၆

ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနသည် ယွမ်ဖြင့်ချေးငွေထုတ်ချေးရန် တရုတ်နှင့်ဆွေးနွေးနေကြောင်း ပြောကြားခဲ့သော်လည်း တိကျသည့်ဆုံးဖြတ်ချက်တစ်ခုကိုမူ မချရသေးကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

“ဒီအကြောင်းအရာကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ဝန်ကြီးချင်းဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးခဲ့တာပါ” ဟုလည်း ရုရှားဘဏ္ဍာရေးဝန်ကြီး Siluanov ကပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက ရုရှားအနေဖြင့် တရုတ်အပါအဝင် Eurasian Economic Union နိုင်ငံများနှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်အား စတင်စမ်းသပ်ရန်အဆင့်သင့်ဖြစ်နေကြောင်းပြောကြားခဲ့ပြီး အဆိုပါအစီအစဉ်အား မိတ်ဖက်နိုင်ငံများနှင့်ပူးပေါင်းကာ တွင်တွင်ကျယ်ကျယ် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။

ဥရောပသမဂ္ဂနှင့် G – 7 နိုင်ငံများသည် ၂၀၂၂ ခုနှစ်က ရုရှား၏ယူကရိန်းသို့ထိုးစစ်ကြောင့် ရုရှားဗဟိုဘဏ်၏ပိုင်ဆိုင်မှု ယူရို ၃၀၀ ဘီလျံ (ကန်ဒေါ်လာ ၃၂၃ ဘီလျံ) အား ရပ်ဆိုင်းထားခဲ့ကြပြီး အဆိုပါရန်ပုံငွေများအား တစ်နှစ်ကျော်ကြာကာလအတွင်း မည်သို့အသုံးပြုနိုင်မည်ကိုလည်း အီးယူနှင့် G – 7  နိုင်ငံများအခြေအတင်ဆွေးနွေးခဲ့ကြသည်ဟုလည်းသိရသည်။

ရုရှားဘဏ္ဍာရေးဝန်ကြီးက ယခုနှစ်တွင် မျှော်မှန်းထားသည်ထက် အနည်းငယ်ပို၍ဝင်ငွေများလာသဖြင့် ရုရှား၏ဘတ်ဂျတ်ကိုထိန်းချုပ်ထားနိုင်ကြောင်းလည်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အေတီ


LEAVE A REPLY

Please enter your comment!
Please enter your name here