ဂျပန် လဆင်းယာဉ် မမျှောင့်ဘဲ ပြန်လည်သက်ဝင်လှုပ်ရှားလာဟု ဆို

0
186

အာကာသယာဉ် လမျက်နှာပြင်ပေါ် ခြေချနိုင်ခဲ့တဲ့ သမိုင်းမှတ်တိုင်စိုက်ထူခဲ့အပြီး တစ်လကျော်အကြာမှာ ဂျပန်နိုင်ငံရဲ့ လဆင်းယာဉ် SLIM ဟာ လရဲ့ အေးခဲတဲ့ ညကာလအချိန်မှာ မမျှော်လင့်ဘဲ သက်ဝင်လှုပ်ရှားခဲ့ကြောင်းနဲ့ ကမ္ဘာမြေနဲ့ ဆက်သွယ်မှု ပြန်ထူထောင်နေကြောင်း ဂျပန်အာကာသ အေဂျင်စီက တနင်္လာနေ့(ဖေဖော်ဝါရီ ၂၆) မှာ ထုတ်ဖော် ပြောဆိုပါတယ်။

The Smart Lander for Investigation Moon (SLIM) ဟာ ပြီးခဲ့တဲ့လမှာ လမျက်နှာပြင်ပေါ် ဆင်းသက်နိုင်ခဲ့ခြင်းဖြင့် ဂျပန်ကို လပေါ် စူးစမ်းရေးယာဉ် စေလွှတ်နိုင်တဲ့ ကမ္ဘာ့ ပဉ္စမမြောက်နိုင်ငံ ဖြစ်စေခဲ့ပါတယ်။

အရင်းအမြစ်တွေနဲ့ လူသားတွေ နေထိုင်နိုင်မယ့် အခြေအနေတွေကို စူးစမ်းရှာဖွေဖို့အတွက် နိုင်ငံတွေနဲ့ စီးပွားရေးအဖွဲ့အစည်းကြီးတွေ လကမ္ဘာကို သွားရောက်ဖို့ အပြိုင်ကြိုးပမ်းနေမှုအဖြစ် အမေရိကန် အခြေစိုက် Intuitive Machines ကုမ္ပဏီကလည်း Odysseus အမည်ရ လစူးစမ်းရေးယာဉ်တစ်စင်းကို ပြီးခဲ့တဲ့ သီတင်းပတ်က စေလွှတ်ခဲ့ပါတယ်။

ဂျပန် လဆင်းယာဉ် SLIM ဟာ ဇန်နဝါရီ ၁၉ ရက်နေ့က လမျက်နှာပြင်ပေါ်ကို ရောက်ရှိခဲ့ပြီးတဲ့နောက် ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ကမ္ဘာဆီကို ဓာတ်ပုံတစ်ပုံနောက်ဆုံး ပေးပို့ခဲ့ပြီး အဆက်အသွယ်ပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။ သူသက်ဆင်းလိုက်တဲ့ လမျက်နှာပြင်မှာ နေရောင်ခြည်မရတော့တာကြောင့် ယာဉ်မှာပါတဲ့ ဘက်ထရီတွေ အားကုန်သွားတာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့မှာတော့ သူသက်ဆင်းခဲ့တဲ့နေရာကို နေရောင်ခြည်ပြန်လည်ရရှိလာတာကြောင့် ဘက်ထရီတွေ အားပြန်ဝင်လာပြီး ခုလို အဆက်အသွယ် ပြန်လုပ်လာနိုင်တာဖြစ်ပါတယ်။

Ref: NewYork Post


LEAVE A REPLY

Please enter your comment!
Please enter your name here