ခုတင် (၁၀၀) နှင့်အထက် ပြည်သူ့ဆေးရုံများတွင် အထူးကုပြင်ပလူနာ ကြည့်ရှုမှုအချိန် တိုးမြှင့်မည်

0
112

ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ ကြည့်ရှု့ကုသပေးသည့် အထူးကု ပြင်ပလူနာဌာန ကြည့်ရှုမှုအချိန်ကို ၂၀၂၃ ခုနှစ် ဩဂုတ်မှစတင်၍ တိုးမြှင့်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပြည်သူများအနေဖြင့် အထူးကုဆရာဝန်ကြီးများနှင့် ပြသလိုပါက ဒေသန္တရဆေးခန်းများ၊ မြို့နယ် ပြည်သူ့ဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများမှတဆင့် ရောဂါ အမျိုးအစားအလိုက် အထူးကုပြင်ပ လူနာဌာနများသို ညွှန်းပို့သည့်စာ(referral letter)နှင့်အတူ ပြသနိုင်ပြီး အထူးကုပြင်ပ လူနာဌာန များတွင် နေ့ရက်၊ အချိန်မှန်ကန်စွာ ပြသနိုင်ရေးအတွက် လာရောက်ပြသခြင်း မပြုမီ မိမိတို့ပြသလိုသည့် ဆေးရုံကြီးများ၏ အထူးကုပြင်ပလူနာ အချိန်ဇယားကို ကြိုတင်သိရှိရန် လိုအပ်ကြောင်း အသိပေးထားသည်။

အထူးကုဌာနများ ဖွင့်လှစ်ထားရှိသော ခုတင်(၁၀၀)နှင့်အထက် ပြည်သူ့ဆေးရုံများတွင် အထူးကု ပြင်ပလူနာကြည့်ရှုမှုအချိန် တိုးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ဆေးရုံကြီးများ၏ အထူးကု ပြင်ပလူနာအချိန်ဇယားကို သက်ဆိုင်ရာဆေးရုံကြီးများတွင် အများပြည်သူ အလွယ်တကူသိရှိနိုင်အောင် Vinyl/board များဖြင့် ကြေညာထားခြင်း၊ ကုသရေးဦးစီးဌာန Website စာမျက်နှာ www.doms.gov.mm ၌ ဖော်ပြထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here