ပေကျင်း တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ရီကျွမ့်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တို့အကြား မောင်းသူမဲ့တက္ကစီများဖြင့် ခရီးနှင်နိုင်ပြီ

0
123

တရုတ်နိုင်ငံ ပေကျင်းမြို့ တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပေကျင်းနယ်နိမိတ်အတွင်းရှိ ရီကျွမ့်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တို့အကြား ခရီးကို မောင်းသူမဲ့ တက္ကစီများဖြင့်ပြေးဆွဲပေးသည့် ဝန်ဆောင်မှု စတင်နေပြီဖြစ်ကြောင်းသိရသည်။

ယင်းဝန်ဆောင်မှုကို စီမံကွပ်ကဲနေသည့် Pony.ai က ဝန်ဆောင်မှုစတင်ကြောင်း ကြေညာခဲ့ခြင်းဖြစ်ပြီး၊ PonyPilot+ ဟူသည့် APP တစ်ခုကို မိမိတို့၏ ဖုန်းထဲတွင် အင်စတောလုပ်ရမည်ဖြစ်သည်။ မောင်းသူမဲ့ တက္ကစီများကို တစ်ရက်ကြိုတင်ငှားရမ်းနိုင်ပြီး သတ်မှတ်ထားသော အချိန်နှင့် နေရာတွင် စီးနင်းမည့် ခရီးသည်က စောင့်ဆိုင်းနေရုံသာရှိသည်။ လက်ရှိတွင်မူ Pony.ai သည် နေ့စဉ် ၁၀း၀၀ မှ ၁၇း၀၀ အထိ အချိန်အတွင်း ပြေးဆွဲပေးလျက်ရှိသည်။

အဆိုပါ မောင်းသူမဲ့ တက္ကစီဝန်ဆောင်မှုလမ်းကြောင်းအတွင်း မည်သည့်နေရာကိုမဆို သွားလာနိုင်မည်ဖြစ်ပြီး ခရီးအကွာအဝေးမှာ ကီလိုမီတာ ၄၀ ခန့်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here