ယူကရိန်းအတွက် ဥရောပထောက်ပံ့မှု ရရန် ပြင်သစ်ကြိုးပမ်းနေဟုဆို

0
169

ပါရီ၊ဖေဖော်ဝါရီ ၂၆

ယူကရိန်းအရေးနှစ်နှစ်ပြည့်လာသည့်အချိန်တွင် ပြင်သစ်သမ္မတအီမန်နူရယ်မက်ခရွန်သည် ယူကရိန်းကို ဥရောပ အထောက်အပံ့ အားကောင်းစေရန်ရည်ရွယ်သည့် ညီလာခံတစ်ရပ်ကိုကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ယခုပါရီတွင်ပြုလုပ်သည့် အစည်းအဝေးသည် ပါဝင်တက်ရောက်သူများအနေဖြင့် ၎င်းတို့၏စည်းလုံးညီညွတ်မှုနှင့် ယူကရိန်းသို့ရုရှား၏ကျူးကျော်စစ်အားချေမှုန်းရန် ချမှတ်ထားသည့် ၎င်းတို့၏သိန္နိဌာန်ကို ထပ်လောင်းအတည်ပြုနိုင်မည့်အခွင့်အလမ်းတစ်ခုလည်းဖြစ်ကြောင်းပြောကြားခဲ့သည်။

လာမည့်နှစ်များ၌ ယူကရိန်းသို့အမေရိက၏ထောက်ပံ့ပေးမှု လျော့နည်းလာမည့်အပေါ် စိုးရိမ်မှုများကြီးထွားလာနေချိန်တွင် အီမန်နူရယ်သည်ယူကရိန်းအရေးကို တက်ကြွစွာ ကာကွယ်သူ ၊ထောက်ခံသူ ၊ ရပ်တည်သူ တစ်ဦးအဖြစ် ၎င်းကို ထင်မြင်စေလိုသည်။

ယခုအစည်းအဝေးသည် ယူကရိန်းသို့ ရုရှား၏ကျူးကျော်စစ်မတိုင်မီကပင် သမ္မတအီမန်နူရယ်တောင်းဆိုခဲ့သည့် လုံခြုံရေးကိစ္စများ၌ ဥရောပ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုပြသမည့် အခွင့်အရေးတစ်ခုလည်းဖြစ်သည်။

သမ္မတအီမန်နူရယ်၏ပြောကြားချက်အရ ယခုအစည်းအဝေး၌ ယူကရိန်းအား ထိထိမိမိထောက်ပံ့ပေးနိုင်မည့် နည်းလမ်းမှန်သမျှအား ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။ သမ္မတပူတင်အနေဖြင့် ယူကရိန်းအရေး၌ လုံးဝအနိုင်ရနိုင်မည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသိစေလိုသည်ဟုလည်း ပြင်သစ်သမ္မတရုံးမှ အမည်မဖော်လိုသူအရာရှိတစ်ဦးကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အေတီ


LEAVE A REPLY

Please enter your comment!
Please enter your name here