ရုရှားကြောင့် တရုတ်ကုမ္ပဏီများကို ကန် ၏ပိတ်ဆို့အရေးယူမှုအား တရုတ်ဆန့်ကျင်

0
175

ပေကျင်း၊ဖေဖော်ဝါရီ ၂၆

ရုရှားနှင့်ဆက်စပ်သည်ဟူသော အကြောင်းကြောင့် တရုတ်စီးပွားရေးလုပ်ငန်းများအား အမေရိကဘက်မှ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည့်အပေါ် တရုတ်က ပြတ်ပြတ်သားသားကန့်ကွက်ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် တရုတ်စီးပွားရေးလုပ်ငန်းများ၏ တရားဝင်ေသာ အခွင့်အရေးများ နှင့် အကျိုးစီးပွားများကို အခိုင်အမာကာကွယ်ရန် လိုအပ်သည့်အစီအမံများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက ၎င်း၏ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

သမ္မတဘိုင်ဒင်အစိုးရသည် ရုရှား၏ယူကရိန်းစစ်အတွက် အားပေးကူညီသည်ဟုဆိုကာ ရုရှား၊တရုတ်၊ယူအေအီး၊တုကီယေး၊ကာဇက်စတန်၊အိန္ဒိယနှင့်တောင်ကိုရီးယားတို့မှ လုပ်ငန်းစုပေါင်း ၉၃ ခုအား ကုန်သွယ်ရေးဆိုင်ရာကန့်သတ်ချက်များ ကြေငြာခဲ့ခြင်းဖြစ်သည်။

ရုရှား – ယူကရိန်းအရေး နှစ်နှစ်မပြည့်မီတစ်ရက်အလိုကချမှတ်ခဲ့သည့် အဆိုပါကန့်သတ်ချက်တွင် တရုတ်မှ ၈ ခု၊ရုရှားမှ ၆၃ ခု၊တုကီယေးမှ ၁၆ ခုနှင့် ယူအေအီးမှ ၄ ခုစသည်တို့ပါဝင်သည့် အဓိကပစ်မှတ်ထားရာ အဖွဲ့အစည်းများသို့ အမေရိက၏တင်ပို့မှုများအား ပိတ်ပင်ထားခြင်းဖြစ်သည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here