ဒိုက်ဦးမြို့နယ်မှ ပျောက်ဆုံးနေသည့် (၃)နှစ်အရွယ် က-လေးငယ်၏ အလေ-ာင်းအား (၄) ရက် မြောက်နေ့တွင် ပြန်လည်တွေ့ရှိ

0
249

ဖေဖေါ်ဝါရီ (၂၄) ရက် ညနေပိုင်းက စတင်ပျောက်ဆုံးခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှ (၃) နှစ်သားအရွယ် က-လေးငယ်၏ ရုပ်အလေ-ာင်းအား (၄) ရက်မြောက်နေ့ဖြစ်သည့် ယနေ့ဖေဖေါ်ဝါရီ (၂၇) ရက် နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဆိုပါ က-လေးငယ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ က-လေးမိဘများက အပူတပြင်းရှာဖွေခဲ့ကြသော်လည်း အသက်ရှင်လျက်ပြန်လည်တွေ့ရှိခြင်း မရှိခဲ့ဘဲ နေအိမ်နှင့် အတန်အသင့်ဝေးသည့် နေရာရှိ ရေ-မြောင်း တစ်ခုအတွင်းမှ ယနေ့ နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ပြန်လည်တွေ့ရှိခဲ့ရသည့် က-လေးငယ်၏ ဦးခေါင်းတွင် ဒဏ်-ရာတွေ့ရပြီး သွေ-းရိုးသားရိုး‌ေ-သဆုံးခြင်း မဖြစ်နိုင်ကြောင်း က-လေးငယ်၏ မိသားစုဝင်များက ယူဆထားကြပြီး ကလေ-းငယ်၏ ရုပ်အလေ-ာင်း ယနေ့ နံနက်ပိုင်း၌ပင်ဒိုက်ဦးမြို့နယ် ရှမ်းစုသုဿာန်တွင် သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

“ဒီအရွယ်နဲ့ ဒီဒဏ်-ရာ မျှတရဲ့လားကွာ နောက်ဆုံးခရီး ဒီနေ့ဘဲ စီစဉ်လိုက်ရတော့တယ်” ဟု က-လေးငယ်၏ ဖခင်ဖြစ်သူက လူမှုကွန်ရက်မှတဆင့် ပြန်လည် မျှဝေထားသည်။

ပျောက်ဆုံးရာမှ ‌ေ-သဆုံးခဲ့ရသည့် က-လေးငယ်မှာ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ အနောက်ပိုင်းတွင် နေထိုင်သည့် ဦးအေးဇော်မြင့်၊ ဒေါ်နွယ်နွယ်စိုးတို့၏ သားဖြစ်သူ (၃) နှစ်အရွယ် မောင်ဇွဲမာန်သစ်ဖြစ်ပြီး ဖေဖော်ဝါရီ (၂၄) ရက်၊ ညနေ (၅) နာရီကျော်ခန့်တွင် နေအိမ်မှ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here