တေးရေးသဟာအောင် ပြောပြတဲ့ ဗိုလ်အောင်ဒင်သီချင်းဖြစ်ပေါ်လာပုံ

0
463

thar

အခုနှစ် တန်ဆောင်တိုင်ပွဲတော် နဲ့ ကထိန်အလှူပွဲတွေမှာ လူကြိုက်များနေတဲ့ အဆိုတော်မနောရဲ့ “ဗိုလ်အောင်ဒင်” သီချင်းကို ရေးသား ဖန်တီးသူ တေးရေး၊ တေးဆို သဟာအောင်က ” ဗိုလ်အောင်ဒင်” သီချင်း ဖြစ်ပေါ်လာပုံကို ပေါ်ပြူလာသို့ ပြောပြခဲ့ပါတယ်။

” ကျွန်တော် သီချင်းတွေကို ရေးဖြစ်နေတာ ကြာပါပြီ။ ၇ နှစ်၊ ၈ နှစ်လောက်ရှိပြီ။ ကျွန်တော်ကဧရာဝတီတိုင်းသားပါ။ မန္တလေးကို တက်လာပြီး အလုပ်လာလုပ်တော့ ကိုမနော နဲ့ ဆုံတယ်ပေါ့။ ကိုမနောကလည်း မန္တလေးစက်မှုဇုန်မှာနေတယ်။ ကျွန်တော်ကလည်း စက်မှုဇုန်မှာ အလုပ်လုပ်တာဆိုတော့ တွေ့ ဖြစ်သွားတာပါ။ ကိုမနောရဲ့သီချင်းတွေကို တော်တော်များများ ရေးပေးဖြစ်ပါတယ်။ “ဗိုလ်အောင်ဒင်”သီချင်းကိုရေးဖြစ်သွားတာက Facebook ပေါ်မှာသိတဲ့ ဗိုလ်အောင်ဒင်နာမည် နဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်။ သူရဲ့ နာမည်လေးကို သဘောကျပြီးအကြံရသွားတာ။ အရင်တုန်းကလည်း ရုပ်ရှင်တွေ၊ ပြဇာတ်တွေထဲမှာလည်း ဗိုလ်အောင်ဒင်ရှိတယ်လေ။ ငယ်ငယ်တုန်းက နားထောင်ဖူးတယ်၊ ကြည့်ဖူးတယ်။ ဒီဟာလေးကို သီချင်းရေးကြည့်ရင် ကောင်းမှာပဲဆိုပြီး အပျော်ပေါ့။ အပျော်ရေးဖြစ်သွားတာပါ” လို့ သဟာအောင်က ပြောပါတယ်။ တန်ဆောင်တိုင်နဲ့ ကထိန်ပွဲတွေမှာ “ဗိုလ်အောင်ဒင်”သီချင်းကို လူကြိုက်များအားပေးတဲ့အကြောင်း ကို “ကျွန်တော်အမြင်ပြောရရင် ခေတ်အခြေအနေနဲ့ ဆိုင်သွားတယ်လို့ ထင်တာပဲ။ ခေတ်အခြေအနေ ကြုံ ကြိုက်တဲ့အခါ အံဝင်ခွင်ကျဖြစ်သွားတယ်လို့မြင်ပါတယ်။ ကိုယ်ဖန်တီးလိုက်တဲ့ အရာလေးကို လူတွေလက်ခံ ပြီးအားပေးကြတဲ့အတွက် ကျေနပ်ပါတယ်၊ ပျော်ပါတယ်” လို့ သဟာအောင်က သူရဲ့အမြင်ကိုပြောပြပါတယ်။

ချမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here