မန်းရွှေစက်တော် ဘုရားပွဲရှိ တည်းခိုဆောင်များ၏ အခန်းငှားခများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်

0
174

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု)မြို့နယ်အတွင်း၌ ကျင်းပနေသည့် မန်းရွှေစက်တော် ဘုရားပွဲရှိ တည်းခိုဆောင်များ၏ အခန်းငှားခများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ကြောင်း မန်းရွှေ‌စက်တော်ဂေါပကအဖွဲ့ကထုတ်ပြန်ထားသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု)မြို့နယ်အတွင်း နှစ်စဉ် တပို့တွဲလဆန်း (၅) ရက်မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ကျင်းပလေ့ရှိသည့် မန်းရွှေစက်တော် ဘုရားပွဲတော်ကို အစဉ်အလာမပျက်ကျင်းပနေပြီး ယခုနှစ် ပွဲတော်ကာလသည် ရက်ပေါင်း (၆၄)ရက်ကြာမည်ဖြစ်သည်။

အဆိုပါ ဘုရားပွဲတော်သို့ လာရောက်မည့် ဘုရားဖူးဧည့်သည်များ တည်းခိုနိုင်ရန် တည်းခိုဆောင်ပေါင်း ၁၀၀၀ နီးပါးနှင့် ဈေးဆိုင်ခန်းပေါင်း ၄၀၀ ကျော်ရှိကြောင်း သိရသည်။

ထို့ပြင် သတ်မှတ်ထားသည့် တည်းခိုဆောင်များ၏ အခန်းငှားခနှုန်းထားများမှာ တစ်ရက်လျှင် ပထမတန်းအမျိုးအစားသည် တစ်သိန်းကျပ်၊ ဒုတိယတန်း အမျိုးအစားသည် ရှစ်သောင်းကျပ်၊ တတိယတန်း အမျိုးအစားနှင့် ရေစပ်တည်းခိုဆောင်ခသည် ငါးသောင်းကျပ်ဖြစ်ကြောင်း သိရသည်။

မန်းရွှေစက်တော် ဘုရာပွဲတော်တွင် နှစ်စဉ် တဲကျောင်းပေါင်း ၁၀၀၀ ခန့်နှင့် ဆိုင်ခန်းပေါင်း ၅၀၀ ခန့် တည်ဆောက်လေ့ရှိပြီး မန်းရွှေစက်တော် ဘုရားပွဲတော်သို့ စနေ၊ တနင်္ဂနွေ ရက်များ တပေါင်းလပြည့်နေ့နှင့် သကြင်္နရက်များတွင် ဘု ရားဖူးများ အများဆုံးလာရောက်လေ့ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here