ကလေးတက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၂၈၅) ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ခဲ့

0
136

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးတက္ကသိုလ်အတွင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ဖေဖော်ဝါရီ (၂၆) ရက်တွင် လက်နက်ကိုင်အဖွဲ့များက ဖ-မ်းဆီးရန် ကြိုးစားခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီ သွားရောက်ကယ်တင်ခဲ့ရကြောင်း န.စ.က၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ သွားရောက်ကယ်တင်ခဲ့ရာ ဆရာ/ ဆရာမ များနှင့်ကျောင်းသား/ကျောင်းသူ (၂၈၅) ဦးအား ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ ကလေးတက္ကသိုလ်ရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၈၅) ဦးတို့အား အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကလေးမြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ခန်းမ၌ တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသ ည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဖ-မ်းဆီးခေါ်ဆောင်ခဲ့မှုအပေါ် အဖွဲ့အစည်းအသီးသီးမှ သဘောထားများ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here