ခရီးသည်များလာမှုကို အဆင်ပြေစေရန် ဝန်ဆောင်မှူများမြှင့်တင်နေသည့် သုဝဏ္ဏဘူမိ

0
132

ပြီးခဲ့သည့်နှစ်သစ်ကူး အားလပ်ရက်ကတည်းက သုဝဏ္ဏဘူမိလေဆိပ်တွင် တစ်နာရီလျှင် ခရီးသည် ၅၀၀၀ မှ ၆၀၀၀ အထိ အထွတ်အထိပ်ရောက်ခဲ့သည့်အချိန်များရှိခဲ့သဖြင့်ခရီးသည်များပျမ်းမျှ စောင့်ဆိုင်းချိန် တစ်နာရီကျော်အထိ တန်းစီစောင့်ဆိုင်းနေခဲ့ရသည်။

ထို့ကြောင့် ဝန်ဆောင်မှုကို အရှိန်မြှင့်ရန် အတွက် လေဆိပ်အကူဝန်ထမ်း ၈၀၀ ကိုလာမည့် မတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ခန့်နေကြောင်းထိုင်းနိုင်ငံ လေဆိပ်များ အများပိုင် ကုမ္ပဏီလီမိတက် (AoT) ၏ ဥက္ကဌ Keerati Kitmanawat က သုဝဏ္ဏဘူမိ လေဆိပ်၏ ဝန်ဆောင်မှူအရည်အသွေး မြှင့်တင်မည့် အစီအစဉ်များကို ထုတ်ဖော် ပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးဗျူရို ၂ (IB2) ကလည်းသင်တန်းတက်နေသော အရာရှိသစ် ၂၀၀ ကို ခေါ်ယူထားပြီးဖြစ်သည်။

၎င်းတို့သည် မတ်လ ၁ ရက်နေ့မှ စတင်၍ လုပ်ငန်းခွင်ဝင်နိုင်မည်ဟု မျှော်လင့်ရသည်။နောက်ထပ် ရာထူးနေရာ ၄၀၀ ထပ်မံခန့်ထားရန်လည်း အစီအစဉ်ရှိနေသည်။

လေဆိပ်ဆိုက်ရောက် နှင့် ထွက်ခွာမှု နှစ်ခုစလုံးအတွက် အလိုအလျောက် နိုင်ငံကူးလက်မှတ် စစ်ကောင်တာ အခု ၈၀ ကို တပ်ဆင်ပြီးအဆင့်မြင့် ဆော့ဖ်ဝဲကို ထည့်သွင်းသွားမည်ဖြစ်သည်။

ပထမဆုံး စက် ၂၀ ကို ၂၀၂၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် တပ်ဆင်မည်ဖြစ်ပြီး တပ်ဆင်မှုတစ်ခုလုံးကို ဇူလိုင်လ ၁၅ ရက်နေ့တွင် အပြီးသတ်မည်ဖြစ်သည်။

AoT သည် လေဆိပ်စတုတ္ထထပ်ရှိ ထွက်ခွာဆောင်တွင် Common Use Passenger Processing System (CUPPS) ကို ထားကာ အလိုအလျောက် ဝန်ဆောင်မှုများပေးမည်ဖြစ်သည်။

AoT သည် ခရီးသည်များအား လေယာဉ်မထွက်ခွာမီ ၄ နာရီအလိုတွင် check in လုပ်နိုင်အတွက် လေကြောင်းလိုင်း ၂၄ လိုင်းနှင့်ချိတ်ဆက်ထားသည်။

အစိုးရ၏ Aviation Hub မူဝါဒနှင့်အညီ AoT သည် ၎င်း၏ ဝန်ဆောင်မှုစွမ်းရည်ကို မြှင့်တင်နေကြောင်း Keerati မှ ပြောကြားခဲ့သည်။

ထိုလုပ်ဆောင်မှုများထဲတွင် တစ်နာရီလျှင်  ၉၄ စီး အတက်အဆင်းလုပ်နိုင်ရန် တတိယမြောက် ပြေးလမ်း တည်ဆောက်ခြင်းလည်း အပါအဝင်ဖြစ်သည်။

Source : Khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here