၂၀၂၃ ခုနှစ်တွင် EPS စနစ်ဖြင့် တောင်ကိုရီးယားသို့ မြန်မာလုပ်သား တစ်သောင်းကျော် စေလွှတ်ခဲ့

0
172

ပြီးခဲ့သည့်နှစ်တွင် တောင်ကိုရီးယားသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား တစ်သောင်းကျော်စေလွှတ်ခဲ့ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA)က တဆင့် တောင်ကိုရီးယားသို့ EPS လုပ်သားများကို တာဝန်ယူစေလွှတ်နေခြင်းဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း လုပ်သား ၁၀,၆၁၁ ဦး ပို့နိုင်ခဲ့ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် လုပ်သားများ ပို့ဆောင်ပေးနေခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း မြန်မာလုပ်သား ၁၁,၀၀၀ စေလွှတ်သွားမည်ဖြစ်သည်။

ကိုရီးယားနိုင်ငံတွင် လုပ်သားလိုအပ်ချက် မြင့်များနေသည့်အတွက် တစ်နှစ်ထက်တစ်နှစ် လုပ်သားပိုမို ခေါ်ယူရမှုများရှိနေပြီး ကိုဗစ်ကာလမတိုင်ခင်တွင် မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင် လုပ်သားခေါ်ယူမည့် ခွဲတမ်း ၅၀၀၀ သာလျာထားသတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယခုနှစ်လယ်တွင် EPS-Topik စာမေးပွဲကျင်းပမည်ဖြစ်ပြီး ယင်းတွင် ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားထပ်တိုးထားပြီး အမျိုးသမီးများကိုပါ ပထမဆုံးဝင်ရောက်ဖြေဆိုခွင့်ပြုထားကြောင်းလည်း သိရသည်။

လက်ရှိတွင် EPS စနစ်ဖြင့် မြန်မာလုပ်သား ၇၀,၀၀၀ ကျော် ရောက်ရှိလုပ်ကိုင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here