ဒေါ်လာဈေး ကမ္ဘာ့ရွှေဈေး အတက်ပြနေပြီး ပြည်တွင်းရွှေဈေး အတက်အကျကြမ်း‌နေ

0
193

ဖေဖေါ်ဝါရီ လဆန်းပိုင်းမှစတင်ကာ တရိပ်ရိပ်တက်လာသည့် ပြည်တွင်းရွှေဈေးနှုန်းသည် ယခုလကုန်ပိုင်းတွင် ဈေးနှုန်းတည်ငြိမ်မှုမရှိ အတက်အကျကြမ်းလျက်ရှိကြောင်း ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်လျက်ရှိသည့် ဈေးနှုန်းများအရ သိရသည်။

ယခုတစ်ပတ် ဈေးကွက်ဖွင့်ချိန်တွင် တစ်ကျပ်သား ၃၉၅၀၀၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်လုပ်နေရာမှ အင်္ဂါနေ့ ညနေပိုင်းတွင် တစ်ကျပ်သား ၃၈၈၀၀၀၀ ကျပ်အထိ ဈေးထိုးကျခဲ့ခြင်း ဖြစ်သည်။

ယခုလကုန်ပိုင်းအတွင်း ၃၉၀၀၀၀၀ ကျပ်‌အောက်သို့ ပြန်ပြုတ်ကျခဲ့သော်လည်း ယနေ့ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် တစ်ကျပ်သား ၃၉၀၀၀၀၀ ကျပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ညနေပိုင်း ဈေးကွက်ပိတ်ချိန်တွင် တစ်ကျပ်သား ၃၉၂၅၀၀၀၀ ကျပ်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။

အလားတူ ယခုရက်ပိုင်း၌ ပြည်တွင်းငွေလဲနှုန်းမှာလည်းဖေဖေါ်ဝါရီ (၂၁) ရက် နောက်ပိုင်းမှစတင်ကာ တစ်ဒေါ်လာ ၃၆၀၀ ကျော်သို့ မြင့်တက်လာပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာလည်း အတက်ပိုင်းသို့ ရောက်ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ရန်ကုန် ရွှေအသင်းက ထုတ်ပြန်သည့် ယနေ့ ဖေဖေါ်ရီ (၂၈) ရက် ရွှေရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သား ၃၆၅၅၈၀၀ ကျပ်ဖြစ်သည်။

ယနေ့ ဈေးကွက်အတွင်း အရောင်း အဝယ်ပြုလုပ်လျက်ရှိသည့် ဒေါ်လာငွေလဲဈေးနှုန်းမှာ တစ်ဒေါ်လာ ၃၆၃၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ အတက်အကျအနည်းငယ်ရှိနေပြီး ယနေ့တွင် တစ်အောင်စလျင် အမေရိကန်ဒေါ် လာ ၂၀၂၈ ဒေါ်လာဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here