ဂျပန်မှ Daiozu Memorial Foundation ပညာသင်ဆု မြန်မာကျောင်းသားများ လျှောက်ထားနိုင်

0
249

Daiozu Memorial Foundation မှ ၂၀၂၄ ခုနှစ်အတွက်ပေးအပ်မည့် ပညာသင်ဆုအား မြန်မာကျောင်းသားများလျှောက်ထားနိုင်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက အသိပေးထားသည်။

ဂျပန်နိုင်ငံ Tokyo၊ Chiba၊ Saitama၊ Kanagawa၊ Ibaraki၊ Tochigi နှင့် Gunma စီရင်စုများရှိ တက္ကသိုလ်များမှ ဘွဲ့ရကျောင်းသားများ၊ မဟာဘွဲ့၊ ပါရဂူဘွဲ့တက်ရောက်ရန် စာရင်းပေးသွင်းထားသူများ၊ တစ်နှစ်လျှင် မိသားစုဝင်ငွေ-ယန်း (၆,၀၀၀,၀၀၀)အောက်ရှိသူများ၊ ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ဒုတိယနှစ်နှင့်အထက် ကျောင်းဝင်စာရင်း သွင်းထားသည့် နိုင်ငံတကာကျောင်းသားများအား Daiozu Memorial Foun dation ပညာသင်ဆုပေးအပ်ရန် ရည်ရွယ်ကြောင်းနှင့် ထောက်ပံ့ကြေး လျှောက်ထားနိုင်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း Daiozu Memorial Foundation ပညာသင်ဆု ချီးမြှင့်ရန်အတွက် နိုင်ငံတကာ ကျောင်းသား(၂၅)ဦး ရွေးချယ်သွားမည်ဖြစ်ပြီး၊ ထောက်ပံ့ကြေးအား တစ်နှစ်ကို နှစ်ကြိမ် ပေးအပ်မည်ဖြစ်ကြောင်း၊ တစ်နှစ်လျှင် ယန်း ၃၆၀,၀၀၀/-(တစ်လလျှင် ယန်း ၃၀,၀၀၀)ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် မတ်လ ၁ ရက်နေ့မှ မေလ (၂၀) ရက် နောက်ဆုံးထား၍ 

http://www.daiohs-zaidan.
or.jp

သို့ ဝင်ရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here