ယနေ့ နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့‌ရသည့် မိုးကောင်း တံဝာားကို ရွှေသံလွင်ကုမ္ပဏီက ပြန်လည်ပြင်ဆင်၍ ဖြတ်သန်းခွင့်ပြု

0
93

ယနေ့ ဖေဖော်ဝါရီ(၂၈)ရက် နံနက်အစောပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ကျေးရွာအနီးရှိ မိုးကောင်းတံဝာားကို ရွှေသံလွင်ကုမ္ပဏီက ပြန်လည်ပြင်ဆင်ကာ ယနေ့ညနေပိုင်းတွင် ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးကောင်းတံဝာားကို ပြင်ဆင်ရာတွင် ယာယီသံဘေလီ တံတားဆောက်လုပ်ခြင်းဖြစ်ပြီး တံတားတည်ရှိရာ ရန်ကုန်‌ – မော်လမြိုင်ကားလမ်းအား အသုံးပြုမည့် ယာဉ်များကို အလှည့်ကျစနစ်ဖြင့် ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ် သိရသည်။

” တံတားတစ်ခုလုံးကို ပြင်တာတော့ မဟုတ်ဘူး။ တံတားတစ်ခြမ်းကို ယာယီဘေလီထိုးပြီး ဟိုဘက်ဒီဖက်အလှည့်ကျစနစ်နဲ့ဖြတ်သန်းခွင့်ပြုမယ်လို့ ရွှေသံလွင် ဖက်ကနေ ဖုန်းရပါတယ်။ ဒီလမ်းပိုင်းကလည်း ရွှေသံလွင်ကုမ္ပဏီက ကိုင်ထားတာလေ”ဟု ဒေသခံ သတင်းအရင်း အမြစ်တစ်ဦးက ပြောသည်။

ယနေ့ နေ့လည်ပိုင်း တံတားပြင်ဆင်နေချိန်၌ ကုန်တင်ယာဉ်ကြီးများမှာ ဝင်းပ- ချောင်းဆောက်- မိုးကောင်း (ရွာကွင်းလမ်း)များမှ သွားလာခဲ့ရပြီး ခရီးသည်တင် ယာဉ်ငယ်များအနေဖြင့် မိုးကောင်း – ကလိကျွန်း – ကင်မွန်းချုံ (ရွာကွင်းလမ်း) များကတဆင့် ဖြတ်သန်းသွားလာခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ပျက်ဆီးသွားသောမိုးကောင်းတံတားမှာ ခန့်မှန်း အလျား (၃၇) ပေ၊ အကျယ် (၄၈) ပေခန့်ရှိသည့် တံတားတစ်စင်းဖြစ်သည်။

ဓာတ်ပုံ- ဘိုဘိုဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here