ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့နယ်အချို့၌ မီးပြတ်တောက်မှုများ ဖြစ်ပေါ်မည်

0
153

ဓာတ်အားပေး ဆက်သွယ်ခြင်း လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်သောကြောင့် ဒဂုံဆိပ်ကမ်း၊ လှည်းကူး၊ ဖောင်ကြီး၊ မြောက်ဥက္ကလာပ၊ ရွှေပေါက္ကံစက်မှုဇုန်တို့ရှိ မြို့နယ်၊ ရပ် ကွက်နေရာအချို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ ဖေဖေါ်ဝါရီ (၂၉) ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကဘမ်း) မြို့နယ်အတွင်းရှိ 66/11kV,(20)MVA ယုဇနဓာတ် အားခွဲရုံတွင် တိုးချဲ့တည်ဆောက်ထားသော 66/11kV,(20) MVA ထရန်စဖော်မာ(၁) လုံးအား ဓာတ်အားဆက်သွယ်ခြင်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်နိုင်ရန် 230kV ဧရာဝဏ်ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသော 66kV ဧရာဝဏ်ဖီဒါ (၂) ဓာတ်အားလိုင်းအား ဓာတ်အားပိတ်ခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ(၂၉) ရက် နံနက် (၁၁)နာရီမှ ည နေ (၃)နာရီ အချိန်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၏ ရပ်ကွက်နေရာ အချို့တွင် ယာယီဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ပြီး ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ် ဧရိယာလျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ထုတ်ပြန်အသိပေးထားသည်။

ထို့အပြင် ကောင်းကင်ဓာတ်အားလိုင်းတည်ဆောက်ရေးဌာနခွဲ၏ ရန်ကုန်-မန္တလေးအမြန်လမ်း၊ 66/11kV, 20MVA GIS ဓာတ်အားခွဲရုံအား ဓာတ်အားပေးနိုင်ရန် 66kV ကောင်းကင်ဓာတ်အားလိုင်း တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်မည်ဖြစ်သည့်အတွက် 66kV လှော်ကား – လှည်းကူး – ရွှေပေါက္ကံ ဖီဒါအား ဖေဖော်ဝါရီ (၂၉) ရက်၊ နံနက် (၁၀) နာရီမှ နေ့လယ် (၂) နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက် နေစဉ်အတွင်း လှည်းကူးမြို့နယ်၊ ဖောင်ကြီးမြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်နေ ရာအချို့နှင့် ရွှေပေါက္ကံစက်မှုဇုန်တို့တွင် ယာယီဓာတ်အားပြ တ်တောက်မှု ရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှု မရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာလျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ထုတ်ပြန်အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here