ထားဝယ်နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်အပါအဝင် (၃) ဦးအား PDF အဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

0
171

တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြို့ရှိ ထားဝယ်နည်းပညာတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်အပါအဝင် (၃) ဦးအား PDF အဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသ ည်။

ဖေဖေါ်ဝါရီ (၂၈) ရက်၊ နံနက် (၁၁) နာရီခွဲ အချိန်က ထားဝယ်မြို့နယ်၊ ဘုရားမဲကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF တပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ကျေးရွာ၏တောင်ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။

ထိုသို့ ဆုတ်ခွာသွားပြီးနောက် ၎င်းအဖွဲ့သည် နည်းပညာတက္ကသိုလ်(ထားဝယ်)အတွင်းသို့ ဝင်ရောက်ကာ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်အောင် အပါဝင် (၃) ဦးအားဖမ်းဆီး ခေါ်ဆောင်ကာ ကျောင်း၏ အနောက်ဘက်သို့ ဆုတ်ခွာထွက်သွားခဲ့ကြောင်း သိရသည်။

စစ်ရေးနှင့်မသက်ဆိုင်သည့် ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် ဆရာ/ ဆရာမများကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည် ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်အသိပေးထားသည်။

ထို့အပြင် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည့် ဆရာ၊ ဆရာမများအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံးပြန်လည် ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြ င်းရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here