လာမည့် မတ်လအတွင်း အင်အားအသင့်အတင့်ရှိသည့် အယ်နီညိုဖြစ်စဉ် ဖြစ်ပွားမည်ဟု မိုးဇလ အသိပေး

0
163

လာမည့် မတ်လအတွင်း အင်အားအသင့်အသင့်ရှိသော အယ်နီညို ရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်ပွားလာနိုင်ခြေရှိကြောင်း ဖေဖော်ဝါရီ (၂၈)ရက် နံနက်ပိုင်းတွင် မိုးလေဝသ နှင့် ဇလဗေသညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။

အယ်နီညိုရာသီဥတုဆိုသည်မှာ အစွန်းရောက်သဘာဝဘေးဖြစ်စဉ်တစ်ခုဖြစ်ပြီး အလွန်ပူပြင်းခြောက် သွေ့သောသဘာဝဘေးဖြစ်စဉ် တစ်ခုဖြစ်သည်။

“အယ်နီညိုဆိုတာ လေထုပေါ်သက် ရောက်မှုကြောင့် မိုးလေဝသ အခြေအနေအပြောင်းအလဲဖြစ်တာပေါ့လေ။ ကျွန်တော်တို့ အာရှဘက်မှာတော့ မိုးခေါင်နိုင်မယ်။ ခြောက်သွေ့မယ်။ ဒီရဲ့နောက်ဆက်တွဲအကျိုးဆက်တွေက သောက်သုံး ရေရှားပါးလာတာမျိုးတွေဖြစ်တတ်တယ်ပေါ့။ ဒါတွေကို ကျွန်တော်တို့ ကြိုတင်ပြင်ဆင်နိုင်ဖို့ အသိပေးထားပါတယ်” ဟု ပြင်ပ မိုးလေဝသပညာရှင် ဦးလှထွန်းက ပြောသည်။

ယနေ့ မိုးဇလ၏ အသိပေးချက်တွင် အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအသင့်အတင့်ရှိသော အယ်လ်နီညို အခြေအနေတွင် ရှိနေကြောင်းနှင့် ယင်းအတွက် ယခုနှစ် မတ်လအတွင်း အားအသင့်အတင့် ရှိသော အယ်လ်နီညို အခြေအနေတွင် ဆက်လက်တည်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားသည်။

အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုး ခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်သည့်အတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြရန်လည်း အသိပေး နှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here