ဝန်ဆောင်မှုလုပ်ငန်းအတွက်လုပ်သားခေါ်ယူမှု အမျိုးသား၊ အမျိုးသမီး ခွဲတမ်းသတ်မှတ်ထားခြင်းမရှိ

0
142

ပထမဦးဆုံးအကြိမ်အဖြစ်ခေါ်ယူမည့် တောင်ကိုရီးယားနိုင်ငံရှိ ဝန်ဆောင်မှု လုပ်ငန်းအတွက် လုပ်သားခေါ်ယူရာတွင် အမျိုးသား၊ အမျိုးသမီးခွဲတမ်း သတ်မှတ်ထားခြင်းမရှိကြောင်း မြန်မာနိုင်ငံရှိEPSစင်တာ (EPS in Myanmar)က ကြေညာချက်ထုတ်ပြန်ထားသည်။

ထို့အပြင် Quota(ခွဲတမ်း)နှင့် ပတ်သက်၍ လုပ်ငန်းအမျိုးအစားအလိုက်သာ အချိုးကို သတ်မှတ်ခြင်းဖြစ်ပြီး အလုပ်ရှင်၏ လုပ်ငန်းခွင် အလုပ်နေရာ လိုအပ်ချက်နှင့် ခေါ်ယူမှုပေါ်သာ မူတည်ကြောင်း သိရသည်။

ယင်းအပြင် ကျန်းမာရေးဝန်ဆောင်မှု(Nursing Care Worker) လုပ်ငန်းအမျိုးအစားအတွက် E-9ဗီဇာ ကို မြန်မာနိုင်ငံအား မပေးသေးဘဲ လက်ရှိခေါ်ယူမည့် လုပ်ငန်းအမျိုးအစားသည် (Service Worker)လုပ်ငန်းအမျိုးအစား E-9 ကိုသာခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

EPS စာမေးပွဲဖြေဆိုခွင့်အတွက် အွန်လိုင်းမှတဆင့် မတ်လဆန်းတွင် စတင်လျှောက်ထားနိုင်ပြီ‌ဖြစ်ပြီး အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ(POEA)မှ တဆင့် တောင်ကိုရီးယားသို့ EPS လုပ်သားများကို တာဝန်ယူစေလွှတ်နေခြင်းဖြစ်ကာ ၂၀၂၃ ခုနှစ်အတွင်း လုပ်သား ၁၀,၆၁၁ ဦး ပို့နိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင်လည်း မြန်မာလုပ်သား ၁၁,၀၀၀ စေလွှတ်သွားမည်ဖြစ်ပြီး ထို့ပြင် မြန်မာအမျိုးသမီးများ ပထမဦးဆုံးအကြိမ်ဝင်ရောက်ဖြေဆိုမည့် ဝန်ဆောင်မှုလုပ်ငန်းအတွက် လုပ်သားဦးရေ ၃၀၀၀ ကျော်ခေါ်ယူသွားမည်ဟု သိရှိရကြောင်း ကိုရီးယားရောက် အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here