နိုင်ငံခြားသားခရီးသည်များအနေဖြင့်သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက်များကို လိုက်နာရမည်ဟုဆို

0
185

ပြည်တွင်းသို့ လာရောက်မည့် နိုင်ငံခြားသားခရီးသည်များအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက်များကို တိကျစွာလိုက်နာရမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ခရီးသည်များအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက်များကို တိကျစွာလိုက်နာရမည်ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် သက်ဆိုင်ရာဝင်ထွက်ဂိတ် ကျန်းမာရေးအရာရှိများက ဆောင်ရွက်သော ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် လိုအပ်သောကျန်းမာရစစ်ဆေးချက်တို့ကို ခံယူရမည်ဖြစ်သည်။

ထို့အပြင် နိုင်ငံခြားသားခရီးသည်များအနေဖြင့် မြန်မာနိုင်ငံအတွင်းနေထိုင်စဉ် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ(ကိုဗစ်-၁၉)ရောဂါအပါအဝင် ဖြစ်ပေါ်လာပါက ကုန်ကျစရိတ်များအား မိမိစရိတ်ဖြင့်ကျခံရမည်ဖြစ်ပြီး ကျန်းမာရေးအာမခံဝယ်ယူလိုပါက မြန်မာ့အာမခံလုပ်ငန်း Website Myanmar Insurance (mminsurance.gov.mm) တွင် လေ့လာဝယ်ယူနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ခရီးသွားများအနေဖြင့် မိမိတို့ရောက်ရှိရာဒေသရှိ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ပြည်သူ့ဆိုင်ရာကျန်းမာရေးရေးဆိုင်ရာ သတ်မှတ်ချက်များသည် အချိန်နှင့်တပြေးညီပြောင်းလဲမှုရှိနိုင်ပြီး မတ်လ (၁) ရက်မှ စတင်အသက်ဝင်မည်ဖြစ်ကာ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ်ဝင်ထွက်ဂိတ်များဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်မည့်ခရီးသွားများအတွက် ပြည်သူ့ဆိုင်ရာကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်များ ၂၀၂၃ ခုနှစ် ဩဂုတ်လ (၁) ရက်တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်ကို အစားထိုးမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here